အိန္ဒိယဝန်ကြီးချုပ်ဟောင်း အတဲလ်ဘီဟာရီဗာ့ဂျ်ပါရီး အသက် ၉၃ နှစ်အရွယ်၌ ကွယ်လွန်

အိန္ဒိယဝန်ကြီးချုပ်ဟောင်း အတဲလ်ဘီဟာရီဗာ့ဂျ်ပါရီး အသက် ၉၃ နှစ်အရွယ်၌ ကွယ်လွန်
Published 18 August 2018

၂၀၀၄ ခုနှစ် သြဂုတ် ၂၃ ရက်တွင် နယူးဒေလီရှိ ပါတီရုံးချုပ်မှ ထွက်ခွာလာသော ဝန်ကြီးချုပ်ဟောင်း အတဲလ်ဘီဟာရီဗာ့ဂျ်ပါရီးကို တွေ့ရစဉ်(Photo: AFP)

အိန္ဒိယဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ထမ်းဆောင်ခဲ့သူ အတဲလ်ဘီဟာရီဗာ့ဂျ်ပါရီးသည် သြဂုတ် ၁၆ ရက်တွင် ကွယ်လွန်သွားခဲ့ရာ လေးစားခံရသော ဝါရင့်နိုင်ငံရေး ခေါင်းဆောင်တစ်ဦး၏ အစားထိုးမရသော  ဆုံးရှုံးမှုဖြစ်သည်ဟု လက်ရှိ ခေါင်းဆောင် နရင်ဒရာမိုဒီက ဝမ်းနည်းပက်လက်ပြောကြားခဲ့သည်။

အသက် ၉၃ နှစ်ရှိ ဗာ့ဂျ်ပါရီးသည် နှစ်ပေါင်းများစွာ ကျန်းမာရေးညံ့နေခဲ့သော်လည်း ဆရာဝန်များက သူ့အား အသက်ကူကိရိယာ တပ်ဆင်ပေးခဲ့ရခြင်းနှင့်အတူ မကြာသေးခင်ရက်ပိုင်းများတွင် သူ့အခြေအနေသည် ဆိုးရွားလာခဲ့သည်။

ယင်းသို့ စိုးရိမ်စရာ အနေအထားဖြစ်လာခြင်းကြောင့် ယနေ့အချိန်အခါတွင် အိန္ဒိယနိုင်ငံကို အုပ်ချုပ်နေသော လက်ယာယိမ်း ဘာရာတီယာဂျနာတာပါတီ (BJP) တဟုန်ထိုး တိုးတက်လာရေးအတွက် အခြေခံအုတ်မြစ်များ ချပေးခဲ့သော အတဲလ်ဗီဟာ ရီဗာ့ဂျ်ပါရီးကို ချီးကျူးခဲ့သော မိုဒီ အပါအဝင်ထိပ်တန်း ဂုဏ်သရေရှိလူကြီးများက သူ့အားလာရောက်ကြည့်ရှုခဲ့ကြသည်။

“အတဲလ်ဂျီကွယ်လွန်တာဟာ ကျွန်တော်အတွက်တော့ ပုဂ္ဂိုလ်ရေးအရဆုံးရှုံးမှု၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။ သူ့ရဲ့ ဥပမာ ယူထိုက်တဲ့ခေါင်းဆောင်မှုဟာ၂၁ ရာစုမှာ တောင့်တင်း၊ စည်ပင်ဝပြောပြီး အားလုံးပါဝင်တဲ့ အိန္ဒိယနိုင်ငံအတွက်အခြေခံအုတ်မြစ်တွေကို ချမှတ်ပေးခဲ့တာဖြစ်ပါတယ်။ BJP ကို အုတ်ချပ်တစ်ချပ်စီနဲ့ တည်ဆောက်ခဲ့တဲ့ အတဲလ်ဂျီရဲ့ ဇွဲနဲ့ ကြိုးပမ်းမှုတွေကြောင့် အိန္ဒိယဟာ အခုလိုဖြစ်လာရတာဖြစ်ပါတယ်”  ဟု မိုဒီက Twitter တွင် ရေးသားခဲ့သည်။

အတဲလ်ဘီဟာရီဗာ့ဂျ်ပါရီးသည် ပြီးခဲ့သော သီတင်းပတ်ကိုးပတ်ခန့်မှစ၍ နယူး ဒေလီရှိ  All India Insitute of Medical Sciences (AIIMS) တွင် တက်ရောက်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ ၃၆ နာရီအတွင်းမှာ သူ့အခြေအနေဟာ တော်တော်လေး ဆိုးရွားခဲ့ပါတယ်။သူ့ကိုအသက်ကူကိရိယာတပ်ဆင် ပေးခဲ့ပါတယ်။ အကောင်းဆုံးကြိုးပမ်းခဲ့ပေမယ့်လည်း ကျွန်တော်တို့ သူ့ကိုဒီနေ့မှာ ဆုံးရှုံးခဲ့ရပါတယ်။ အခုလိုကြီးကျယ်တဲ့ ဆုံးရှုံးမှုအတွက် တစ်နိုင်ငံလုံးနဲ့အတူကျွန်တော်တို့ဝမ်းနည်းကြေကွဲပါတယ်” ဟု AIIMS က ထုတ်ပြန်ကြေညာခဲ့သည်။

သူ၏ ရုပ်အလောင်းကို ယင်းနေ့ ညနေပိုင်းတွင် ဒေလီရှိ သူ၏နေအိမ်သို့ပြောင်းရွှေ့ပေးခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် နိုင်ငံတော်အခမ်းအနားဖြင့် နယူးဒေလီတွင် မီးသြင်္ဂိုဟ်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် အာမစ်ရှာက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံးဝန်ကြီးချုပ် ဂျဝါဟာလာနေရူး အာဏာရရှိထားချိန်တွင် ပါလီမန်အတွင်းရှိ အတိုက်အခံလွှတ်တော် အမတ်အနည်းငယ်တွင် အတဲလ်ဘီဟာရီ

ဗာ့ဂျ်ပါရီးသည် တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည်ဂျာနယ်လစ်ဟောင်းဖြစ်ပြီး ကဗျာဆရာမှနိုင်ငံရေးသမားဖြစ်လာသူဖြစ်သည်။

Most Read

Most Recent