အိုင်ဒလစ်နှင့်အလက်ပိုတို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံး

အိုင်ဒလစ်နှင့်အလက်ပိုတို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံး
Published 12 August 2018

၂၀၁၇ ခုနှစ် ဇွန် ၈ ရက်တွင် ဆီးရီးယားသူပုန်ထိန်းချုပ်ထားသော အိုင်ဒလစ်မြို့အား ဒရုန်းဖြင့် ရိုက်ကူးထားသောဓာတ်ပုံ (Photo: AFP)

 

စစ်ကြောင့် ဖွတ်ဖွတ်ကြေနေသော ဆီးရီးယားနိုင်ငံတွင် စစ်ပွဲအသစ်ဖြစ်ပွားမှုသည်  ကလေးတစ်သန်းနီးပါး၏ ဘဝများကို ထိခိုက်စေနိုင်သည်ဟု  ကုလသမဂ္ဂ၏ ကလေးများ အေဂျင်စီက သတိပေးနေစဉ် နိုင်ငံ အနောက်မြောက်ပိုင်းရှိ သူပုန်ထိန်းချုပ်ထားသောဒေသများကို အစိုးရက လေကြောင်း ထိုးစစ်ဆင်ခဲ့ရာ လူ ၂၂ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သူပုန်ပိုင်နက်အစွန်း၌ မြေပြင်တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အစိုးရတပ်ဖွဲ့ဝင်များသည်  အိုင်ဒလစ်၊အလက်ပိုနှင့် ဟာမားပြည်နယ်တို့ တွင် လေကြောင်းတိုက်ခိုက်မှုများဆင်နွှဲခဲ့ ဟု စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အလက်ပိုတွင် လူ ၁၄ ဦး သေဆုံးခဲ့ပြီး အိုင်ဒလစ်ပြည်နယ်တွင် ရှစ်ဦးသေဆုံးခဲ့သည်ဟု  စောင့်ကြည့်အဖွဲ့က ဆိုသည်။

အတိုက်အခံများ၏အဓိကခံတပ်ဖြစ်သော အိုင်ဒလစ်၊ အလက်ပိုနှင့် ဟာမားပြည်နယ်အစပ်များကို အစိုးရက ထိုးစစ်ဆင်ခဲ့ပြီး ရက်များစွာအကြာတွင် စိုးရိမ်မှုများကြီးထွားလာသည်။

အိုင်ဒလစ်ပြည်နယ်ကို  သိမ်းပိုက်မည့် စစ်ဆင်ရေးသည် ကြောက်မက်ဖွယ်ဖြစ်သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတစ်ခုကို ပိုမိုဆိုးရွားစေနိုင်သည်ဟု ကုလသမဂ္ဂအေဂျင်စီများက သတိပေးခဲ့သည်။

အစိုးရတပ်ဖွဲ့ဝင်များသည် တင့်ကား နှင့် အမြောက်များဖြင့် ပစ်ခတ်ခဲ့သည့် ပြင်းထန်သည့် တိုက်ပွဲတစ်ခုအတွက်ပြင်ဆင်မှု အဖြစ်မြောက်ပိုင်းသို့ ချီတက်လာသည်ဟု စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားနိုင်ငံရှိ အခြားဒေသများတွင် အစိုးရထိုးစစ်မှုများကြောင့် အိုးအိမ်စွန့် ခွာထွက်ပြေးခဲ့သူ တစ်သန်းကျော် ခိုလှုံနေသည့်အိုင်ဒလစ်ပြည်နယ်၏ ကျေးလက်ဒေသများတွင် အစားအစာ၊ရေနှင့် ဆေးဝါးများ ပြတ်လပ်နေသည်ဟု ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့သည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ကလေး ၃၅၀,၀၀၀ သည် စစ်ပွဲကြောင့်  စွန့်ခွာထွက်ပြေးရမည့် အခြေအနေရှိကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့သည်။ ကနဦးအစီရင်ခံစာတွင် လေကြောင်း တိုက်ခိုက်မှုများအတွင်း ကလေးတစ်ဦးထက် မနည်းသေဆုံးခဲ့သည်ဟု ဒေသတွင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ သူပုန်ထိန်းချုပ်ထားသည့် အိုင်ဒလစ် ပြည်နယ်နှင့်ပတ်ဝန်းကျင်ဒေသများတွင်  လူဦးရေ ၂ ဒသမ ၉ သန်းခန့် နေထိုင်သည် ဟု ကုလသမဂ္ဂက ခန့်မှန်းခဲ့သည်။

အစိုးရလေယာဉ်များသည် Khan Sheikhoun ၊ Altmana၊ Sukayk နှင့် Alteh မြို့များရှိ နေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ သည်ဟု White Helmets ဟုလည်း ခေါ်ဆို သည့် အရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားပြည်တွင်းစစ်တွင် လူ ၄၀၀,၀၀၀ထက်မနည်းသေဆုံးခဲ့ပြီး လူဦး ရေ ၁၁ သန်းကျော်သည် အိုးအိမ်စွန့်ခွာထွက် ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂ၏ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent