<

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သမ္မတ ထရန့်ထံ နောက်ထပ် စာတစ်စောင်ပေးပို့ခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အမေရိကန် သမ္မတဒေါ်နယ်ထရန့်ထံ နောက်ထပ် စာတစ်စောင်ပေးပို့ခဲ့ကြောင်း အိမ်ဖြုတော်က သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သော်လည်း စာထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ဖွင့်ဟခဲ့ခြင်း မရှိချေ။ ထရန့်၏ မြောက်ကိုရီးယား နျူလက်နက်ဖျက်သိမ်းရေး ရည်မှန်းချက်တိုးတက်မှုများအပေါ် အများပြည်သူ အာရုံစိုက်မှုနည်းပါးလာခြင်း နှင့်အတူ ဇွန် ၁၂ တွင် ကျင်းပခဲ့သော နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ပြီးနောက် ယင်းစာလွှာကို ရရှိခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။ “သမ္မတထရန့်ဆီ ခေါင်းဆောင်ကင်ပေးပို့လိုက်တဲ့စာကို သြဂုတ် ၁ ရက်မှာ ရရှိခဲ့ပါတယ်။ အကြီးအကဲ နှစ်ဦးရဲ့ စာအပြန်အလှန် ပေးပို့ဆက်သွယ်မှုက စင်ကာပူမှာသူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ အမေရိကန်-မြောက်ကိုရီးယားပူးတွဲ ကြေညာချက်မှာ ပါဝင်တဲ့ ကတိပြုချက်တွေကို ရှေ့ဆက်တက်လှမ်းဖို့အတွက် ရည်ရွယ်နေပါတယ်” ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်ဒါးစ်က ပြောကြားခဲ့သည်။ ကိုရီးယား စစ်ပွဲအတွင်း သေဆုံးခဲ့သော အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများကို ယခုသီတင်းပတ်တွင် ပေးပို့ခဲ့မှုအတွက် ကင်အား ကျေးဇူးတင်ကြောင်း၊ ကင်၏ကောင်းမွန်သော ပေးစာအတွက်လည်း ကျေးဇူးတင်ကြောင်း ထရန့်က Twitter ပေါ်တွင် ရေးသားခဲ့သည်။

Ref ; AFP

August 3, 2018














Copy Protected by Chetan's WP-Copyprotect.