ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များက ချီတက်လာနိုင်ခြေ ရှိနေချိန်တွင် အစ္စရေးက White Helmets ကယ်ဆယ်ရေးသမားများအား ဂျော်ဒန်သို့ ပြောင်းရွှေ့ပေး

ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များက ချီတက်လာနိုင်ခြေ ရှိနေချိန်တွင် အစ္စရေးက White Helmets ကယ်ဆယ်ရေးသမားများအား ဂျော်ဒန်သို့ ပြောင်းရွှေ့ပေး
Published 24 July 2018

ဆီးရီးယားတောင်ပိုင်း ဒါရာပြည်နယ်တွင် လေကြောင်း တိုက်ခိုက်မှုအပြီး ဒဏ်ရာရသူများအား White Helmets အဖွဲ့ဝင်များက ၂၀၁၇ ခုနှစ် ဇွန် ၁၄ ရက်တွင် ကယ်ထုတ်လာစဉ် (Photo: AP)

ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များက ဂျော်ဒန်သို့ ချီတက်လာမည်ဟု ခြိမ်းခြောက်မှုများ ရှိနေချိန်တွင် အစ္စရေးက ဆီးရီးယား၏ ကျော်ကြားသော White Helmets ကယ်ဆယ်ရေးသမားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။

အနောက်နိုင်ငံများတွင် ပြန်လည် အခြေချရန်အတွက် ကယ်ဆယ်ရေးသမားများအား ၈၀၀ အထိ လက်ခံမည်ဟု ဂျော်ဒန်က ပြောကြားထားခဲ့သည်။ ဆီးရီးယားနိုင်ငံသား ၄၂၂ ဦးကို လက်ခံရရှိခဲ့ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာန က ဇူလိုင် ၂၂ နှောင်းပိုင်းတွင် ကြေညာခဲ့သည်။ ဗြိတိန်၊ ဂျာမနီ၊ ကနေဒါတို့က White Helmets ကယ်ဆယ်ရေးသမားများနှင့် ၎င်းတို့၏ ဆွေမျိုးများ အပါအဝင် လူ ၈၂၇ ဦးခန့် ကို လက်ခံရန် ကနဦးတွင် သဘောတူညီထားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၄၂၂ ဦးနှင့် သဘောတူညီချက် အတည်ဖြစ်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော ဆီးရီးယား ပြည်သူ့ကာကွယ်ရေးအဖွဲ့ သို့မဟုတ် White Helmets သည် သူပုန်တို့ ထိန်းချုပ်ထားသော နယ်မြေတွင် လေကြောင်း တိုက်ခိုက်မှုများ၊ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများကို ကယ်ဆယ်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ ကယ်ဆယ်ရေးသမားများနှင့် ၎င်းတို့၏ မိသားစုများကို အိမ်နီးချင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြားခဲ့ပြီး စစ်ဆင်ရေးသည် ထူးထူးကဲကဲ စစ်ဆင်ရေး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယား၏ ဒါရာနှင့် ကူနီထရာပြည်နယ် နှစ်ခုအကြားတွင် White Helmets တို့ ရှိနေခဲ့ကြခြင်းဖြစ်ပြီး ဂျော်ဒန်နှင့် အစ္စရေး သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်တို့ကြားတွင် ရှိသည်။ ဇွန် ၁၉ ရက်တွင် ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များသည် ရုရှား ကျောထောက် နောက်ခံပြု ထိုးစစ်တွင် ဒါရာနှင့် ကူနီထရာ ပြည်နယ်များအား သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ Ref: AFP

 

 

Most Read

Most Recent