အိန္ဒိယ အမျိုးသမီးတစ်ဦးအား လူ ၄၀ ခန့်က လေးရက်ကြာ မုဒိမ်းကျင့်မှုဖြစ်ပွား

အိန္ဒိယ အမျိုးသမီးတစ်ဦးအား လူ ၄၀ ခန့်က လေးရက်ကြာ မုဒိမ်းကျင့်မှုဖြစ်ပွား
Published 22 July 2018

Photo Credit : ARY News

မူးယစ်ဆေးအကျွေးခံခဲ့ရပြီး အမျိုးသား ၄၀ ခန့်က လေးရက်ကြာ မုဒိမ်းကျင့်မှုကို ခံခဲ့ရကြောင်း အမျိုးသမီးက စွပ်စွဲခဲ့ပြီးနောက် တည်းခိုခန်းပိုင်ရှင်တစ်ဦးနှင့် မန်နေဂျာတို့ကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

နေ့စဉ် မုဒိမ်းမှု ၁၁၀ နီးပါးဖြစ်ပွားနေသော အိန္ဒိယတွင် ယခုဖြစ်စဉ်က လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။ အိန္ဒိယမြောက်ပိုင်း ဟာယနပြည်နယ်တွင် တည်းခိုခန်း၌ အလုပ်ရမည်ဟုဆိုကာ အသိတစ်ဦးက ကတိပေးပြီး ခေါ်ဆောင်သွားခဲ့ကြောင်း အသက် ၂၂ နှစ် အရွယ် ယင်းအမျိုးသမီးက ပြောကြားခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်တွင် ဖော်ပြထားသည်။

ထို့နောက် ယင်းအမျိုးသမီးသည် ဖမ်းဆီးခံခဲ့ရပြီး မူးယစ်ဆေး အကျွေးခံရကာ အမျိုးသားများက လေးရက်ကြာ မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း အကြီးတန်းရဲအရာရှိ ရာဂျင်ဒါကူးမားမီနာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ တိုင်ကြားမှုကို ဥပက္ခာပြုမှု

နှင့် အရေးကြီးသည့် အကြောင်းအရာကို အထက်အရာရှိများထံ အကြောင်းမကြားမှုကြောင့် အငယ်တန်းရဲအရာရှိ သုံးဦးကို ရာထူးဆိုင်းငံ့ထားကြောင်း မီနာက ပြောကြားခဲ့သည်။ အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် မြင့်တက်နေပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ဝန်းတွင် မုဒိမ်းမှု ၁၁၀၃၃၃ ဖြစ်ပွားခဲ့ကြောင်း တရားဝင် စာရင်းအင်းများက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် နယူးဒေလီ ဘတ်စ်ကားတစ်စီးပေါ်၌ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းမှုကျင့်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ပတ်သက်ပြီး စောင့်ကြည့်ခံနေရသည်။

Most Read

Most Recent