လူအုပ်ဖြင့် သတ်ဖြတ်မှုများကြောင့် WhatsApp က အိန္ဒိယဝန်ဆောင်မှုများကို ထိန်းချုပ်

လူအုပ်ဖြင့် သတ်ဖြတ်မှုများကြောင့် WhatsApp က အိန္ဒိယဝန်ဆောင်မှုများကို ထိန်းချုပ်
Published 21 July 2018

ဇူလိုင် ၁၀ ရက်တွင် အာသံပြည်နယ်၌ လူအုပ်ကြီးဖြင့် အသတ်ခံခဲ့ရသူနှစ်ဦးအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်ပိုစတာတစ်ခု ချိတ်ဆွဲထားစဉ် (Photo - AFP)

အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားနေသော လူအုပ်ဖြင့် ထိတ်လန့်ဖွယ် သတ်ဖြတ်မှုများရပ်တန့်ရန်အတွက် WhatsApp သည် အိန္ဒိယရှိ ၎င်း၏ဝန်ဆောင်မှုများအား ထိန်းချုပ်မှုများ ပြုလုပ်သွားမည်ဟု ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ WhatsApp သည် ၎င်း၏ အကြီးဆုံး အိန္ဒိယဈေးကွက်အပေါ် အစိုးရဘက်မှ ဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်မှုများအား သက်သာစေရန်အတွက်လည်း ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

WhatsApp ပေါ်၌ ပျံ့နှံ့နေသော ကလေးပြန်ပေးဆွဲမှု၊ အခြားရာဇဝတ်မှုများနှင့် ပတ်သက်သော ကောလာဟလများကြောင့် ပြီးခဲ့သည့် နှစ်လအတွင်းက အိန္ဒိယနိုင်ငံတစ်ဝန်းတွင် လူ ၂၀ ကျော် လူအုပ်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်။ အသုံးပြုသူများဘက်မှ မက်ဆေ့ချ်များအား Forward  လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ရန် စမ်းသပ်သွားမည်ဖြစ်ပြီး တစ်ချိန်တည်း Chat လုပ်နိုင်မှုအရေ အတွက်ကို ငါးခုအောက်သို့ ကန့်သတ်သွားမည်ဟု Facebook  က ပိုင်သည့် WhatsApp က ဇူလိုင်၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် Media message  များဘေးမှ Quick Forward ခလုတ်ကိုလည်း ဖယ်ရှားမည်ဟု သိရသည်။ အိန္ဒိယအစိုးရ၏ ဖိအားကြောင့် WhatsApp သည်မကြာသေးမီကပင် ပြုပြင်ပြောင်း လဲမှုများပြုလုပ်မည့် အကြောင်းကို ကြေညာထားပြီး ဖြစ်သည်။ သို့သော် ဇူလိုင် ၁၉ ရက် နှောင်းပိုင်းတွင် အစိုးရက ပြင်းထန်သော ထုတ်ပြန်ချက်တစ်ခု ထပ်မံထုတ်ခဲ့ပြီး WhatsApp ၏ လုပ်ဆောင်ချက်များသည် လုံလောက်မှုမရှိကြောင်း၊ လက်ရှိနှုန်းထားအတိုင်းဆက်သွားပါက တရားဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးခဲ့ခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent