သေဆုံးသွားသည့် ရေငုပ်သမားအတွက် ထိုင်းကလေးများ ဝမ်းနည်းနေကြ

သေဆုံးသွားသည့် ရေငုပ်သမားအတွက် ထိုင်းကလေးများ ဝမ်းနည်းနေကြ
Published 16 July 2018

Photo: AFP

ရေလွှမ်းနေသော ထိုင်းဂူထဲမှ ကယ်ထုတ်ခဲ့ရသည့် ယောကျ်ားလေး ၁၂ ဦးနှင့် နည်းပြတစ်ဦးတို့သည် ၎င်းတို့အား ကယ်ဆယ်သည့် လုပ်ငန်းစဉ်တွင် ပါဝင်နေရင်း သေဆုံးသွားခဲ့သည့် ရေတပ်ရေငုပ်သမားဟောင်းတစ်ဦးအတွက် ဝမ်းနည်းနေကြသည် ဟု ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုလူငယ်များကို ဂူထဲမှ ကယ်ဆယ်ရေးလုပ်ငန်းအတွင်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့သည့် ထိုင်းရေတပ်ရေငုပ်သမားဟောင်း ဆာမန်ကူနန်သည် ရှုပ်ထွေးလှသော Tham Lung ဂူအတွင်း၌ အောက်ဆီဂျင်ဘူးများကို တပ်ဆင်ပေးနေစဉ် ဇူလိုင် ၆ ရက်က သေဆုံးခဲ့သည်။

ဆာမန်သည် ကွယ်လွန်ခဲ့ပြီးနောက် သူရဲကောင်းတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။ သို့သော် အသက် ၁၁ မှ ၁၆ နှစ်အရွယ် ကလေးများအား ဆာမန် သေဆုံးခဲ့သည့်အကြောင်းကို ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆေး အဖွဲ့သည် ကလေးများအနေနှင့် ထိုသတင်းကို နားထောင်ရန် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု လုံလောက်ပြီဟု ယူဆသည့် အချိန်တွင် ဆာမန်သတင်းကို ပြောကြားခဲ့ ခြင်းဖြစ်သော်လည်း ကလေးများသည် ထိုသတင်းကိုကြားပြီးနောက် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြကြောင်း သိရ သည်။ “အကုန်လုံး ငိုခဲ့ကြပါတယ်။ ကလေးတွေဟာ လက်ထောက်ကွပ်ကဲရေးမှူး ဆာမန် ရဲ့ရုပ်ပုံကို ဆွဲခြင်း၊ စာရေးသားခြင်း၊ တစ်မိနစ် ငြိမ်သက်ခြင်းတို့လုပ်ဆောင်ခဲ့ပြီး သူတို့ရဲ့ ဝမ်းနည်းကြေကွဲမှုကို ဖော်ပြခဲ့ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ရေးမှူး ဂျက်ဆာဒါချောဒါရောင်ဆက်က ပြောကြားခဲ့သည်။

“သူတို့ဟာ ဆာမန်ကို ကျေးဇူးတင် ကြောင်းပြောခဲ့ကြပြီး လူကောင်းလေးတွေ ဖြစ်စေရမယ်လို့ ကတိပြုခဲ့ပါတယ်”  ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဆာမန် ကွယ်လွန်မှုကို ထိုင်းနိုင်ငံသာမက ကမ္ဘာ့နေရာ အနှံ့အပြားကပါ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခဲ့ကြသည်။

 

Most Read

Most Recent