တရုတ်တွင် ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် လူ ၁၉ ဦး သေဆုံး

တရုတ်တွင် ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် လူ ၁၉ ဦး သေဆုံး
Published 14 July 2018

ဇူလိုင် ၁၂ ရက်တွင် ယီပင်၌ ဓာတုစက်ရုံမီးလောင်နေမှုအား ငြှိမ်းသတ်နေစဉ်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင် ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၉ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အာဏာပိုင်များက ဇူလိုင် ၁၃ တွင် ပြောကြားခဲ့သည်။ စည်းကမ်းလျော့ရဲခြင်းနှင့် ပေါ့ဆခြင်းတို့ကြောင့် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များဖြစ်ရသည့် တရုတ်တွင် ယခု ပေါက်ကွဲမှုက နောက်ဆုံးစက်မှုလုပ်ငန်း မတော်တဆမှု ဖြစ်သည်။ ပေါက်ကွဲမှုသည် ဇူလိုင် ၁၂ ရက် ည ၆ နာရီခွဲ အချိန်တွင် စီချွမ် ခရိုင် ယီပင်မြို့ရှိ စက်မှုဇုန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းလုပ်ငန်းခွင် လုံခြုံမှုစီမံကွပ်ကဲရေးဌာန ဝက်ဘ်ဆိုက်က ထုတ်ပြန်ကြေညာခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အခြေအနေ ကောင်းမွန်ကြောင်း၊ မီးကိုလည်း ငြှိမ်းသတ်ပြီးဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော စက်ရုံကို ဓာတုပစ္စည်းများ ထုတ်လုပ်သည့် Hengda အမည်ရှိ ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ မကြာသေးမီနှစ်များက တရုတ်တွင် စက်ရုံအလုပ်ရုံ မတော်တဆမှုများစွာ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလက ရှန်ဟိုင်းမြို့တောင်ပိုင်းရှိ နင်ပိုမြို့တွင် မိလ္လာ ကန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ်ကလည်း ထျန်ကျင်းမြို့ရှိ ဓာတုစက်ရုံကြီးတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၆၅ ဦးထက် မနည်းသေဆုံးခဲ့သည်။ ယင်းပေါက်ကွဲမှုများကြောင့် ဒေါ်လာတစ်ဘီလျံခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

Ref ; AFP

Most Read

Most Recent