ဂျပန်၌ စံချိန်တင် မိုးရွာသွန်းမှုကြောင့် လူသုံးဦးသေဆုံး

ဂျပန်၌ စံချိန်တင် မိုးရွာသွန်းမှုကြောင့် လူသုံးဦးသေဆုံး
Published 7 July 2018

Photo: AFP

ဂျပန်နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် ဒေသခံ တစ်သိန်းကျော် အိုးအိမ်စွန့် ခွာ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး မြစ်ရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုမိုးရွာသွန်းမှုသည် သမိုင်းတွင်စံချိန်တင် ရွာသွန်းခြင်းဖြစ်ကြောင်း၊ လာမည့် ဇူလိုင် ၈ ရက်အထိ မိုးပိုမိုရွာသွန်းမည်ဟု သတိပေးချက် ထုတ်ပြန်ထားကြောင်း ဂျပန်မိုးလေဝသဌာနက ပြောကြားခဲ့သည်။ ဇူလိုင် ၆ ရက် နံနက် ၈ နာရီတွင် ရှီကိုကူကျွန်း၌ ရွာသွန်းခဲ့သော မိုးရေချိန်သည် ၉၈ မီလီမီတာ (၄ လက်မ) ထိ ရှိခဲ့ပြီး ယင်းမတိုင်မီ ၄၈ နာရီ အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်စုစုပေါင်းသည် ၉၀၈ မီလီမီတာ ( ၃၆ လက်မ) ထိရှိခဲ့သည်။ မိုးရွာသွန်းမှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး လူများစွာပျောက်ဆုံးနေကြောင်း၊ ပျောက်ဆုံးသူများထဲတွင် နို့ပို့သမားတစ်ဦးနှင့် အလယ်တန်း ကျောင်းသားတစ်ဦး ပါဝင်ကြောင်း  NHK သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၆ ရက် နံနက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူတချို့သည် မြေကြီးထဲတွင် နစ်မြုပ်နေကြောင်း၊ မြေပြိုမှုများ နှင့်ရေကြီးမှုများ ထပ်မံဖြစ်ပေါ်နိုင်သော ကြောင့် လူ၂၁၀၀၀၀ ဝန်းကျင်အား နေအိမ် မှထွက်ခွာရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent