အင်ဒိုနီးရှား ကူးတို့သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံး၊ ပျောက်ဆုံးသူ ၇၀ ဝန်းကျင်အထိ ရှိလာ

အင်ဒိုနီးရှား ကူးတို့သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံး၊ ပျောက်ဆုံးသူ ၇၀ ဝန်းကျင်အထိ ရှိလာ
Published 5 July 2018

ဇူလိုင် ၃ ရက်က တောင်ဆူလာဝေစီအလွန်တွင် ကူးတို့သင်္ဘော နစ်မြုပ်နေမှုကို တွေ့ရစဉ် (Photo: AP)

ပြင်းထန်သော ရာသီဥတုကြားတွင် နစ်မြုပ်တော့မည့် အင်ဒိုနီးရှားကူးတို့ သင်္ဘောတစ်စင်း၏ ကပ္ပတိန်သည် ခရီးသည် ၁၀၀ ကျော်ကို ဘေးလွတ်ရာသို့ သွားနိုင်စေရန်အတွက် သင်္ဘောအား ကျောက်တန်းတစ်ခုပေါ်သို့ရောက်အောင် မောင်းခဲ့သော်လည်း လူ ၇၀ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးနေသည်ဟု အစိုးရအရာရှိများက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။

ခရီးသည် ၁၄၀ နှင့် စက်ပစ္စည်း ဒါဇင်ပေါင်းများစွာကို သယ်ဆောင်လာသော KM lestari ကူးတို့သင်္ဘော၏ ကိုယ်ထည်သည် လှိုင်းလေများကြားတွင် ပျက်စီးသွားခဲ့ပြီးနောက် ကပ္ပတိန်သည် ကျောက်တန်းတစ်ခုပေါ်သို့ ဆိုက်ကပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်သည် ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းက ဆူလာဝေစီကျွန်အနီးရှိ ဆီလာယာကျွန်းနှင့် မီတာ ၃၀၀ အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား ဘေးအန္တရာယ်ထိန်းချုပ်ရေးအေဂျင်စီမှ ထုတ်ပြန်ချက်အရ ထိုဖြစ်စဉ်အတွင်း လူ ၂၉ ဦး သေဆုံးပြီး ၄၁ ဦး ပျောက်ဆုံးနေကာ ၇၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။ ၄၈ မီတာရှည်သော ထိုသင်္ဘောသည် ဆူလာဝေစီကျွန်းမှအနီးရှိ ဆီလာယာကျွန်းသို့ ခုတ်မောင်းလာစဉ် လေပြင်းမုန်တိုင်းများနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင် အစိုးရဝန်ထမ်းများအတွက် ဘောနပ်စ်ပေးရန် ဒေသတွင်းဘဏ်တစ်ခုသို့ ပေးပို့ရမည့် ရူပီး နှစ်သန်းကိုလည်း တင်ဆောင်လာသည်ဟု သိရသည်။ ထိုပိုက်ဆံများနှင့် ပိုက်ဆံကို စောင့်ရှောက်ရန် တာဝန်ပေးခံရသော အစိုးရအရာရှိနှစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု သိရသည်။

Ref: AFP

Most Read

Most Recent