ဥရောပသမဂ္ဂမှ ပြင်သစ်နုတ်ထွက်သင့်ကြောင်း ထရန့်က မက်ခရွန်ကို ပြောကြားခဲ့

ဥရောပသမဂ္ဂမှ ပြင်သစ်နုတ်ထွက်သင့်ကြောင်း ထရန့်က မက်ခရွန်ကို ပြောကြားခဲ့
Published 1 July 2018

အိမ်ဖြူတော်တွင် ပြီးခဲ့သောဧပြီ၌ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်နှင့် တွေ့ဆုံစဉ်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြင်သစ်သည် ဥရောပသမဂ္ဂမှနုတ်ထွက်သင့်ပြီး အမေရိကန်နှင့် နှစ်နိုင်ငံကုန် သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးသင့်ကြောင်း ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်က ဇွန် ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သောနှစ်တွင် ပြင်သစ်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် ဥရောပမူဝါဒကို ပြတ်ပြတ်သားသား ထောက်ခံသူ မက်ခရွန်အား ထရန့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဥရောပတာဝန်ရှိသူနှစ်ဦးအား ကိုးကား၍ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

ထို ပြောကြားမှုကို သံတမန်ရင်းမြစ်တစ်ဦးကလည်း အတည်ပြုခဲ့သည်။ ဥရောပသမဂ္ဂသည် အမေရိကန်အား အခွင့်အရေးယူရန် ဖွဲ့ထားခြင်းသာဖြစ်ကြောင်း မြောက်ဒါကိုတာပြည်နယ်တွင် ဇွန် ၂၇ ရက်၌ မဲဆွယ်မှုပုံစံ စုဝေးမှု တွင် ထရန့်က တိုက်ခိုက်ခဲ့သည်။

ဥရောပသမဂ္ဂသည် မြောက်အမေရိကလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် (NAFTA)ကဲ့သို့ပင် ဆိုးရွားကြောင်း ကနေဒါတွင်မကြာသေးမီက ကျင်းပခဲ့သော ဂျီ ၇ ထိပ်သီး၌ ထရန့် က ဝေဖန်ခဲ့သည်။

Most Read

Most Recent