မာ့ခ်ဇက်ကာဘတ်က Facebook Journalism Project အစီအစဉ်ကို ကြေညာ

မာ့ခ်ဇက်ကာဘတ်က Facebook Journalism Project အစီအစဉ်ကို ကြေညာ
Published 24 August 2017

Photo: AP

Facebook တည်ထောင်သူ မာ့ခ်ဇက်ကာဘတ်က ဂျာနယ်လစ်များနှင့် လက်တွဲရန်နှင့် ၎င်းတို့၏ သတင်းများအား မျှဝေရန်အတွက် Instant Articles ကဲ့သို့ tool များ ဖန်တီးရန် Facebook Journalism Project ဟုခေါ်သော အစီအစဉ်သစ်ကို စတင်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် သြဂုတ် ၂၃ ရက်က ကြေညာခဲ့သည်။ သတင်းများနှင့် အချက်အလက်များအား ပိုမိုလွယ်ကူစွာ မျှဝေနိုင်ရန်အတွက် ထုတ်ကုန်များ ဖန်တီးရန် ရည်ရွယ်သော Facebook Journalism Project မှတစ်ဆင့်  ဂျာနယ်လစ်ဇင်အား အာရုံစိုက်သော tool သစ်များ ဖန်တီးသွားမည့်အကြောင်းကို ဇက်ကာဘတ်က ကြေညာခဲ့ခြင်းဖြစ်သည်။

ဇက်ကာဘတ်က သူသည် ပြီးခဲ့သောနှစ်တွင် သတင်းမီဒီယာအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့စဉ်အတွင်း အထူးသဖြင့် လူများက သတင်းများဖတ်ရှုမှုအား Facebook တွင် အလွန်အမင်းပြုလုပ်လာခဲ့ပြီးနောက်ပိုင်း ယင်းလူမှုမီဒီယာသည် ဂျာနယ်လစ်များအတွက် ကောင်းမွန်အောင် မည်သို့လုပ်ဆောင်ပေးနိုင်မည်နှင့် ပတ်သက်၍ ရှင်းပြခဲ့ကြောင်း ၎င်း၏စာမျက်နှာတွင် ရေးသားခဲ့သည်။ ယင်းဆွေးနွေးမှုများအပြီးတွင် Facebook Journalism Projectကို စတင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဇက်ကာဘတ်က ဂျာနယ်လစ်များ မပါဘဲ  ယင်းအစီအစဉ်ကို အကောင်အထည် မဖော်နိုင်ကြောင်း၊ သို့သော် နည်းပညာသစ် များကြောင့် အယ်ဒီတာများသည် ၎င်းတို့ အားလုံးယုံကြည်ရသော ဂျာနယ်လစ်များကို  ထောက်ပံ့ရန် ခက်ခဲနိုင်မည်ကိုလည်း သိရှိကြောင်း ရေးသားခဲ့သည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ Instant Articles ကဲ့သို့ ထုတ်ကုန်များအား  ဖန်တီးရန်အတွက် သတင်းခန်းများ နှင့် အနီးကပ်ပူးပေါင်းမှု ပိုမိုလုပ်ဆောင်ရန်၊  သတင်းများအား ဖော်ပြနိုင်ရန်အတွက် ဂျာနယ်လစ်များအတွက် tool များ ဖန်တီးရန် ဖြစ်ကြောင်း Facebook စီအီးအိုက ရေးသားခဲ့သည်။

အွန်လိုင်းတွင် ရှိနေပြီးဖြစ်သောသတင်းများအား လူများထံ ပိုမိုရောက်ရှိနိုင်ရန်အတွက် Facebook သည် ဖြန့်ချိသူများ၊ သုတေသီများ၊ တက္ကသိုလ်များနှင့်လည်း လက်တွဲလုပ်ဆောင်နေကြောင်း ဇက်ကာဘတ်က ပြောကြားခဲ့သည်။ ယင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအရ သတင်းဌာနများအား လစဉ်ကြေးပေး၍ ဖတ်ရှုရသည့်စနစ်မှ တစ်ဆင့် ကြီးထွားလာစေရန်  အကူအညီပေးမည် ဖြစ်ကြောင်း၊ ဖတ်ရှုသူများက ယင်းစနစ်အတွက် စာရင်းသွင်းပြီး Facebook တွင် သတင်းများဖတ်ရှုပြီးနောက် ယင်းငွေများသည် Facebook က မဖြတ်တောက်ဘဲ သတင်း ဖြန့်ချိသူများထံ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

ယင်းအစီအစဉ်အား ယခုနှစ်နှောင်းပိုင်း၌ အမေရိကန်နှင့်ဥရောပရှိ ဖြန့်ချိသူများ ပါဝင်သော အဖွဲ့ငယ်တစ်ဖွဲ့ဖြင့် စတင်မည်ဖြစ်ကြောင်း ဇက်ကာဘတ်က ရေးသားခဲ့သည်။ ထို့ပြင် Facebook တွင် ဖတ်ရှုရသော သတင်းများသည် မည်သည့်ရင်းမြစ်မှ ဖြစ်ကြောင်း လူများ ပိုမိုသိရှိလာစေရန် အတွက်လည်း အဆင့်မြှင့်မှုကို ယခု သီတင်းပတ်တွင် လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခုအခါ Facebook ၏ trending ကဏ္ဍတွင် သတင်းတစ်ပုဒ်အား ရှာဖွေမှု သို့မဟုတ် ဖတ်ရှုမှုပြုလုပ်ပါက ယင်းသတင်းခေါင်းစဉ်ဘေးတွင် ဖြန့်ချိသူများ၏ လိုဂိုများကိုပါ မြင်တွေ့ရမည်ဖြစ်ကြောင်း ဇက်ကာဘတ်က ပြောကြားခဲ့သည်။  နောက်ဆုံးတွင် ၎င်းတို့၏ရည်မှန်းချက်မှာ Facebook  ပေါ်ရှိ သတင်းသစ်တိုင်း၌ ဖြန့်ချိသူ၏လိုဂိုများ ဖော်ပြရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သတင်းမီဒီယာကဏ္ဍအား ထောက်ပံ့နိုင်ရန်၊ နေရာတိုင်းရှိ သတင်းထောက်များနှင့် ဖြန့်ချိသူများက ၎င်းတို့၏ အရေးပါသော အလုပ်များကို လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့သည် ကွဲပြားသောနည်းလမ်းများကို ဆက်လက် စမ်းသပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဇက်ကာဘက်က ရေးသားခဲ့သည်။

Most Read

Most Recent