ဆေးခြောက်များ တရားဝင် ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းကို ကနေဒါအထက်လွှတ်တော် အတည်ပြု

ဆေးခြောက်များ တရားဝင် ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းကို ကနေဒါအထက်လွှတ်တော် အတည်ပြု
Published 21 June 2018

ကနေဒါတွင် ဆေးခြောက်များ တရားဝင် ထုတ်လုပ်သုံးစွဲခွင့်ကို ဇွန် ၁၉ ရက်တွင် ကနေဒါအထက် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ရာတွင် အမတ် ၅၂ ဦးအနက် ထောက်ခံမဲ ၂၉ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ ကနေဒါသည် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းကို တရားဝင် ခွင့်ပြုပေးလိုက်သော ပထမဆုံး ဂျီ-၇နိုင်ငံဖြစ်လာရန် နီးစပ်နေပြီဖြစ်သည်။

ကနေဒါအောက်လွှတ်တော်တွင် ဇွန် ၁၉ ရက်က ယင်းဥပဒေကြမ်းအား မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၈၂ မဲဖြင့် အတည်ပြုခဲ့သည်။

ဥပဒေသစ်အဖြစ် မပြဋ္ဌာန်းမီ ဘုရင်ခံချုပ်၏ တော်ဝင်သဘောတူညီချက်ကို စက်တင်ဘာလထက် နောက်မကျဘဲရရှိရမည်ဖြစ်ပြီး ယင်းမှာ ကနေဒါ၏ လုပ်ရိုးလုပ်စဉ်တစ်ခုပင် ဖြစ်သည်။

ဥပဒေကြမ်းအား အထက်လွှတ်တော်တွင် အဆိုတင်သွင်းရာ၌ နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့သော်လည်း ဥပဒေပြဋ္ဌာန်းခြင်းကို အတားအဆီးမဖြစ်ခဲ့ပေ။ ကနေဒါတွင် ၁၉၂၃ ခုနှစ်ကတည်းက ချမှတ်ထားသော ဆေးခြောက်သုံးစွဲမှု ပိတ်ပင်တားဆီးသည့် လှုပ်ရှားမှုသည် အဆုံးသတ်တော့မည်ဖြစ်သည်။

သို့သော် ဆေးခြောက်အား ဆေးကုသမှုများတွင် တရားဝင် အသုံးပြုခွင့်ပေးထားသည်မှာ နှစ် ၂၀ နီးပါးရှိနေပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မဲဆွယ်လှုပ်ရှားစဉ်က ဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးသည် ဆေးခြောက်ကို တရားဝင်ပြုလုပ်ပေးမည်ဟု ကတိပြု စည်းရုံးခဲ့ဖူးသည်။

Ref: AFP

Most Read

Most Recent