သူတော်ယောင်ဆောင်ပြီး ကိုယ်ကျိုးစီးပွားကိုသာကြည့်သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ကြောင်း အမေရိကန်ထုတ်ပြန် ကြေညာ

သူတော်ယောင်ဆောင်ပြီး ကိုယ်ကျိုးစီးပွားကိုသာကြည့်သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ကြောင်း အမေရိကန်ထုတ်ပြန် ကြေညာ
Published 20 June 2018

အစ္စရေး အကျိုးစီးပွားပျက်စီးအောင် လုပ်ဆောင်သည်ဟုစွပ်စွဲလျက် အမေရိကန် ပြည်ထောင်စုသည် ဇွန် ၁၉ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု ကုလ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ကုသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် နစ်ကီဟာလေသည် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်အတူ ဝါရှင်တန်တွင်ယင်းနေ့ ဒေသစံတော်ချိန် ၅ နာရီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးများကို ကာကွယ် မြှင့်တန်ရန် ၂၀၀၆ခုနှစ်တွင်ထူထောင်ခဲ့သော ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှထွက်ရန် နစ်ကီဟာလေက အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခဲ့သည်။

အမေရိကန်-မက္ကဆီကိုနယ်စပ်တွင်   ရွေ့ပြောင်း အခြေချကလေးများကို ၎င်းတို့၏ မိသားစုများနှင့်ခွဲထုတ်သည့် ထရန့်၏မူဝါဒကို ကုလသမဂ္ဂကပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် အမေရိကန်က ကုလလူ့အခွင့် အရေးကောင်စီမှ ထွက်ခွာကြောင်း ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်သည်။ကလေးများကို ယခုကဲ့သို့ကို နှိပ်စက် အပြစ်ပေး ခြင်းဖြင့် မည်သည့်နိုင်ငံမဆို မိဘများကိုဟန့်တားလိမ့်ဆိုသော အတွေးအခေါ် မှာ ယုတ္တိမရှိ ကြောင်း  ဇွန် ၁၈ ရက်တွင် ကုလလူ့အခွင့်အျရး  ကောင်စီအကြီးအကဲ ဇာအစ်ရာ အက်အယ် ဟူစိန်က ထုတ်ဖော်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ထိပ်တန်းအဖွဲ့အစည်းတစ်ခုမှ အမေရိကန်နုတ်ထွက်သွားခြင်းကို လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်ခဲ့ပြီးကမ္ဘာ ့အဆိုးရွားဆုံး လူ့အခွင့်အရေးပြဿနာများကို ဖြေရှင်းရန် အခြားအစိုးရများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း သတိပေးခဲ့သည်။

အစ္စရေးကိုဆန့်ကျင်သည့် နာတာရှည် အစွဲရှိနေပြီး ပြုပြင်ပြောင်းလဲမှု မရှိခြင်းကြောင့် ကြောင်သူတော်ယောင်ဆောင်ပြီး ကိုယ်ကျိုးစီးပွားကိုသာ ကြည့်သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အမေရိကန် နုတ်ထွက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် နစ်ကီဟာလေကပြောကြားခဲ့ပြီး၊ အမေရိကန်၏ယခုလုပ်ရန်သည် ကမ္ဘာနှင့်အဝန်း လူ့ အခွင့်အရေး မြှင့်တင်မှုများအတွက် ပိုမို ခက်ခဲ့သွားစေလိမ့်မည်ဟု လူ့အခွင့်အရေး   တက်ကြွလှုပ်ရှားသူများက သတိပေးခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပြုပြင်ပြောင်းလဲရန်အမေရိကန်၏ ကြိုးပမ်းမှုများကို ကဖျက်ယဖျက် လုပ်သည့်အတွက် ရုရှား၊ တရုတ်၊ ကျူးဘားနှင့် အီဂျစ်တို့ကို နစ်ကီဟာလေက ဝေဖန်ခဲ့သည်။ အမေရိကန် တန်ဖိုးများကိုမျှဝေ၍ အမေရိကန်ကိုလူ့အခွင့်အရေးကောင်စီတွင် ဆက်လက်ရှိနေစေရန် အားပေးတိုက်တွန်းသောနိုင်ငံများကို သူမက ဝေဖန်ခဲ့သော်လည်း ပိုနေမြဲကျားနေမြဲ အခြေအနေကို အပြင်းအထန်စိန်ခေါ်ရန် ဆန္ဒမရှိကြောင်းပြောကြားခဲ့သည်။

Most Read

Most Recent