နပိုလီယန်၏ စစ်ဦးထုပ်ကို ပြင်သစ်၌ လေလံတင်မည်

နပိုလီယန်၏ စစ်ဦးထုပ်ကို ပြင်သစ်၌ လေလံတင်မည်
Published 17 June 2018

ဇွန် ၁၄ ရက်က ပြင်သစ်တောင်ပိုင်း လိုင်ယွန်မြို့တွင် နပိုလီယံ၏ ဦးထုပ်တစ်လုံးကို ပြသထားစဉ် (Photo: AFP)

နပိုလီယန်သည် ဝါတာလူး၌ စစ်ရှုံးခဲ့ပြီးနောက် ချွတ်ပစ်ခဲ့သည်ဟု ဆိုသော အစွန်းနှစ်ဖက်ပါသည့် စစ်ဦးထုပ်တစ်လုံးကို ဇွန် ၁၈ ရက်တွင် ပြင်သစ်၌ လေလံတင်မည်ဖြစ်သည်။ ယင်းသည် ပြင်သစ်ဧကရာဇ် နပိုလီယန်၏ပစ္စည်းများနှင့် ပတ်သက်၍ လောဘတကြီးဖြစ်နေကြမှုကို အမြတ်ထုတ်သည့် နောက်ဆုံးကြိုးပမ်းမှုတစ်ခုဖြစ်လာခဲ့သည်။

နပိုလီယန်သည် ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ နီးပါး ရှိနေပြီဖြစ်သော်လည်း ၎င်းသည် စွဲလမ်းနှစ်သက်မှု၏ ရင်းမြစ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ နပိုလီယံသည်ဦးထုပ်၏ အချွန်နှစ်ဖက်ကို အရှေ့နှင့် အနောက်သို့ ထား၍ ဆောင်းရမည့်အစား ဘေးတိုက် ဆောင်းလေ့ရှိသူဖြစ်သဖြင့် စစ်မြေပြင်တွင် ၎င်းကို လွယ်လင့်တကူ ရှာတွေ့နိုင်မည်ဖြစ်သည်။နပိုလီယန်သည် ၎င်း၏ အာဏာသက်တမ်း ၁၅ နှစ်အတွင်း  bicorne ဦးထုပ် အလုံး ၁၂၀ ကျော် ပိုင်ဆိုင်ခဲ့သည်ဟုယူဆရပြီး ယင်းတို့အနက်အများစုမှာ ဦးထုပ်လုပ်သူ Poupard ၏ လက်ရာများဖြစ်သည်။

ယခု လေလံတင်မည့် ဦးထုပ်နှင့် ပတ်သက်၍ ဇာစ်မြစ်အတိအကျကို လုံးဝဥဿုံ အတည်ပြုနိုင်ခြင်းမရှိပေ။ သို့သော်ယင်းဦးထုပ်ကို နပိုလီယန်၏ ဦးထုပ်ဟုသာ ရှေးကတည်းက ယူဆခဲ့ကြသည်။ မှတ်တမ်းများ အရလည်း ၁၈၁၈ ခုနှစ်က ဝါတားလူး စစ်ပွဲတွင် ဒတ်ချ်ဗိုလ်မှူးကြီးတစ်ဦးက ထို ဦးထုပ်ကို စစ်နိုင်ပစ္စည်းအဖြစ် သိမ်းယူခဲ့ပြီးနောက် ယင်းဦးထုပ်အား ပိုင်ဆိုင်ခဲ့သူ အဆက်ဆက်ကို အတည်ပြုနိုင်သည်။

လွန်ခဲ့သည့်လေးနှစ်က အလားတူ  bicorne ဦးထုပ်တစ်လုံးကို ရောင်းချခဲ့ရာ ယူရို ၁ ဒသမ ၉ သန်း ( လက်ရှိဈေးဖြင့် ဒေါ် လာ ၂ ဒသမ၂ သန်း) ရရှိခဲ့သည်။

Most Read

Most Recent