နယ်သာလန်တွင် စက်ဘီးစီးပြီး အလုပ်သွားသူများအတွက် ချီးမြှင့်ငွေပေးမည်

နယ်သာလန်တွင် စက်ဘီးစီးပြီး အလုပ်သွားသူများအတွက် ချီးမြှင့်ငွေပေးမည်
Published 17 June 2018

နယ်သာလန်ရှိ စည်ကားသည့်လမ်းများနှင့် အဝေးပြေးလမ်းများတွင် ယာဉ်ကြောကျပ်မှု ဆိုးရွားလာခြင်းကို ဖြေရှင်းရန် ကြိုးစားနေစဉ် စက်ဘီးဖြင့်အလုပ်သွားသည့် အလုပ်သမားများ၏ လုံ့လစိုက်မှုအတွက် မကြာမီ ချီးမြှင့်ငွေပေးအပ်မည်ဖြစ်သည်။

“ကျွန်မတို့ ကားတွေကို ထားခဲ့ပြီး စက်ဘီးစီးကြစို့” ဟု အများပြည်သူဝန်ဆောင်မှု ဒုတိယဝန်ကြီး Stientje van Veldhoven က နိုင်ငံသားများ ကားအစား စက်ဘီးကို ပိုမို အသုံးပြုရန် တွန်းအားပေးမည့် စီမံကိန်းအသစ်တစ်ခုကို ယခုသီတင်းပတ်တွင် ကြေညာခဲ့သည်။

စက်ဘီးဖြင့်သွားသည့် အလုပ်သွားမည့် အလုပ်သမားများကို ချီးမြှင့် ငွေပေးမည့် ဆန်းသစ်သော ရည်ရွယ်ချက်တစ်ခုအရ နေအိမ်မှ အလုပ်သို့ စက်ဘီးဖြင့် သွားသည့် တစ်ကီလိုမီတာလျှင် ၀ ဒသမ ၂၂ ဒေါ်လာ ပေးမည်ဟု Van Veldhoven က အဆိုပြု ခဲ့သည်။

စက်ဘီးများဝယ်ရန် ငွေကြေးစိုက်ထုတ်ပေးမှုကဲ့သို့သော ငွေကြေးချီးမြှင့်မှုမှတစ်ဆင့် စက်ဘီးအသုံးပြုရန် လှုံ့ဆော်သည့် အခြားနည်းလမ်းများနှင့် စီမံချက်အတွက် Van Veldhoven သည် အကြီးစား၊ အသေးစားနှင့် အလယ်အလတ်စား လုပ်ငန်းရှင်များ နှင့် ဆွေးနွေးမည်ဟု အများပြည်သူ ဝန်ဆောင်မှု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လူဦးရေ ၁၇ သန်းနေထိုင်သော နယ်သာလန်တွင် စက်ဘီးအရေအတွက် ၂၂ သန်း ကျော်ရှိသည်ဟု နယ်သာလန် ပို့ဆောင်ရေး ကုမ္ပဏီများအဖွဲ့ချုပ် BOVAG ၏ ထုတ်ပြန်ချက်အရ သိရသည်။

နယ်သာလန်တွင် စက်ဘီးစီးသည့် လမ်းနှင့် စက်ဘီးရပ်နားသည့်နေရာများ တိုးမြှင့်ရန် ဘတ်ဂျက် ယူရို သန်း ၁၀၀ ခန့် လျာထားသည်ဟု သိရသည်။

Most Read

Most Recent