<

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို သမ္မတပူတင်က ရုရှားသို့ ဖိတ်ကြား

Photo: AFP

ဒေါ်နယ်ထရန့် နှင့် ထိပ်သီးဆွေးနွေးပွဲ ရလဒ်များကို ချီးကျူးပြောကြားခဲ့ပြီးနောက် ရုရှားသမ္မတဗလာဒီမာပူတင်သည် ကင်ဂျုံအွန်ကို ရုရှားသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားချက်အား ဇွန် ၁၄ ရက်တွင် မြောက်ကိုရီးယား တာဝန်ရှိသူကို ပေးအပ်ခဲ့သည်။

အမေရိကန်သမ္မတနှင့် သမိုင်းဝင်ထိပ်သီးသည် လုံးလုံးလျားလျား ပြေလည်မှုဆီ ဦးတည်နေသော ပထမဦးဆုံး ခြေလှမ်း တစ်ရပ်ဖြစ်သည်ကို ယုံမှားစရာမလိုကြောင်း မြောက်ကိုရီးယား၏ နိုင်ငံတော်အကြီးအကဲ ကင်ယောင်နမ်ကို လက်ခံတွေ့ဆုံရာတွင် ပူတင်က ပြောကြားခဲ့သည်။

စင်ကာပူတွင် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြင့် ထရန့်နှင့်ကင်တို့သည် ဇွန် ၁၂  ရက်တွင် သမိုင်းကို ဖန်တီးခဲ့ကြသည်။

ကင်နှင့် ထရန့်တို့၏ တွေ့ဆုံမှုသည် အဆံ ထက် ဟန်သာရှိသည်ဟု ဝေဖန်သူများက ပြောကြားခဲ့ကြပြီး ပြုံယန်း၏ အဏုမြူလက် နက်များနှင့် သက်ဆိုင်သော အဓိကပြဿနာရပ်အကြောင်းကို အသေးစိတ်ဖော်ပြမှု အနည်းအကျဉ်းသာ ပါသော စာရွက်စာတမ်းကို ထုတ်ပေးရုံမျှသာဖြစ်သည်ဟု ဝေဖန် ခဲ့ကြသည်။

 

June 15, 2018














Copy Protected by Chetan's WP-Copyprotect.