ကင်ဂျုံအွန်နှင့် ဆွေးနွေးမှုအတွင်း တိုးတက်မှုများစွာ ရရှိခဲ့သည်ဟု ထရန့် ပြောကြား

ကင်ဂျုံအွန်နှင့် ဆွေးနွေးမှုအတွင်း တိုးတက်မှုများစွာ ရရှိခဲ့သည်ဟု ထရန့် ပြောကြား
Published 12 June 2018

Photo: AFP

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇွန် ၁၂ ရက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် သုံးနာရီကျော်ကြာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ပေါ်လာစဉ် တိုးတက်မှုများစွာ ရရှိခဲ့သည့်အကြောင်းနှင့် အလွန်ကောင်းမွန်သော တွေ့ဆုံမှုဖြစ်ခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရန့်သည် ကင်နှင့် Capella ဟိုတယ်ထဲမှ ဘေးချင်းယှဉ်လျှောက်၍ ထွက်လာစဉ် ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် အများက ခန့်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့သည် လက်မှတ်ရေးထိုးမှု တစ်ခုကို လုပ်ဆောင်လိမ့်မည်ဟုလည်း ထရန့်ဆိုသည်။ သို့သော် ယင်းသည် မည်သည့်အကြောင်းအရာ ဖြစ်ကြောင်းကိုမူ မထုတ်ဖော်ခဲ့ပေ။

Most Read

Most Recent