မြောက်ကိုရီးယားနှင့် လက်ဖျားခါလောက်သော ဆက်ဆံရေး ရှိလာလိမ့်မည်ဟု ထိပ်သီးဆွေးနွေးပွဲ အစပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပြောကြား

မြောက်ကိုရီးယားနှင့် လက်ဖျားခါလောက်သော ဆက်ဆံရေး ရှိလာလိမ့်မည်ဟု ထိပ်သီးဆွေးနွေးပွဲ အစပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပြောကြား
Published 12 June 2018

Photo: AFP

၂၀၁၈ ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းပေါ်ရှိ ကာပယ်လာဟိုတယ်၌ သမိုင်းဝင် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ၏ ပထမဦးဆုံးမိနစ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က
“ဆွေးနွေးပွဲဟာ အမှန်တကယ် အောင်မြင်တော့မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ဟာ လက်ဖျားခါရတဲ့ ဆက်ဆံရေး ရှိလာကြလိမ့်မယ် ထင်ပါတယ်။ ကျွန်တော် သံသယ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

ဇွန် ၁၂ ရက်တွင် ဒေါ်နယ်ထရန့်နှင့် ကင်ဂျုံအွန်သည် ဆယ်စုနှစ်ချီ ကြာမြင့်သော အဏုမြူလက်နက်အရေးကို အဆုံးသတ်ရန် စေ့စပ်ညှိနှိုင်း၊ လက်ဆွဲနှုတ်ဆက် တွေ့ဆုံကြသည့် ပထမဦးဆုံး တာဝန်ထမ်းဆောင်ဆဲ
အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့ဖြစ်လာကြသည်။ Ref:AFP

Most Read

Most Recent