အနံ့စူးသော ဒူးရင်းသီးများကို အာကာသသို့ပို့ဆောင်စမ်းသပ်ရန် ထိုင်းစီစဉ်

အနံ့စူးသော ဒူးရင်းသီးများကို အာကာသသို့ပို့ဆောင်စမ်းသပ်ရန် ထိုင်းစီစဉ်
Published 3 June 2018

Photo: AFP

ဒူးရင်းသီးကို အာကာသသို့ပို့ဆောင်မည်ဆိုခြင်းသည် ထိုင်းနိုင်ငံအတွက် ခြေလှမ်းသေးသေးလေး တစ်လှမ်းဖြစ်သော်လည်း အရှေ့တောင်အာရှ၏အရသာအရှိ ဆုံးအသီးအတွက် ကြီးမားသော ခုန်လွှားမှု တစ်ခုဖြစ်သည်။

မြေဆွဲအား သုညအခြေအနေတွင် အရေးပါသော အသီးဘုရင်ကို စားသုံးမှုအား မြင်တွေ့နိုင်စေမည့် စီမံကိန်းတစ်ရပ်တွင် ၎င်း၏ ကြံ့ခိုင်မှုကိုစမ်းသပ်ရန် ဒူးရင်းသီးကို  ကမ္ဘာပတ်လမ်းသို့ ပို့ဆောင်ရန် ထိုင်းနိုင်ငံ က စီစဉ်နေခြင်းဖြစ်သည်။ “တစ်ချိန်ကျရင် အာကာသယာဉ်မှူးတွေဟာ ထိုင်းအစား အစာတွေ စားစေချင်ပါတယ်။ ကမ္ဘာကို ပြန်ရောက်လာရင် ဒူးရင်းသီးဟာ ရုပ်ပိုင်း အပြောင်းအလဲတွေ ရှိ၊မရှိ သိချင်ပါတယ်။ဥပမာ ပိုသေးသွားနိုင်လား ဒါမှမဟုတ်ကွဲသွားနိုင်လား သိချင်ပါတယ်”ဟုထိုင်းနိုင်ငံ၏ ဘူမိ-သတင်းအချက်အလက်နှင့် အာကာသနည်းပညာဖွံ့ဖြိုးရေးအေဂျင်စီ ကိုယ်စား ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ဒူးရင်းသီး၏ထင်ရှားမှုက အာကာသယာဉ်တစ်စင်းကဲ့သို့သော အလုံပိတ်ခန်းထဲတွင် ၎င်းကို မည်သို့မည်ပုံ လက်ခံမလဲဆိုသော မေးခွန်းများကို ထွက်ပေါ်စေခဲ့သည်။

သို့ရာတွင် လူသိရှင်ကြားနာမည်ထုတ်ဖော်ပြောကြားခြင်းမပြုသေးသောလုပ်ငန်းတစ်ခုက လုပ်ဆောင်မည့် ထိုစမ်းသပ်မှုတွင် ဒူးရင်းသီးကို အနံ့အသက် ပိုမိုနည်းပါးစေရန် အခြောက်ခံ၍ လေလုံအောင် ထုပ် ပိုးပေးလိုက်မည်ဟုဆိုသည်။ အာကာသအတွင်းသို့ ဒူးရင်းသီးပို့လွှတ်မှုကို ဇူလိုင်လတွင် ပြုလုပ်ရန်စီစဉ်ထားသည်။

Most Read

Most Recent