မြောက်ကိုရီးယားက လက်နက်ဖျက်သိမ်းရေးသည် အလွန်အရေးကြီးသည်ဟု ထရန့်နှင့် အာဘေးတို့က ပြောကြား

မြောက်ကိုရီးယားက လက်နက်ဖျက်သိမ်းရေးသည် အလွန်အရေးကြီးသည်ဟု ထရန့်နှင့် အာဘေးတို့က ပြောကြား
Published 30 May 2018

မေ ၂၆ ရက်က မော်စကိုရှိ Bolshi ပြဇာတ်ရုံတွင် နှစ်နိုင်ငံ ယဉ်ကျေးမှုဖွင့်ပွဲ၌ ရုရှားသမ္မတ ပူတင်(ဝဲ)နှင့် ဂျပန်ဝန်ကြီးချုပ် အာဘေး(ယာ)တို့ကို တွေ့ရစဉ် (Photo - AFP)

မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းအား အလုံးစုံဖျက်သိမ်းရေးသည် မရှိမဖြစ် အရေးပါသော ကိစ္စရပ်ဖြစ်သည်ဟု သမ္မတဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့က မေ ၂၈ ရက်တွင် သဘောတူခဲ့ကြကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ဂျပန်သည် မြောက်ကိုရီးယားအရေးတွင် အိမ်နီးချင်း တရုတ်နှင့်တောင်ကိုရီးယား တို့ကဲ့သို့မဟုတ်ဘဲ လက်ရှိအချိန်အထိ သဘောထား အတင်းမာဆုံးဖြစ်နေသည်။ ယုံကြည်စရာမကောင်းသော မြောက်ကိုရီးယားကို အကြောင်းမဲ့ သဘောထားပျော့ပျောင်းနေကြသည်ဟု ရှုမြင်နေသည့် ဂျပန်သည် လက်ရှိဖြစ်စဉ်များ၏ နောက်၌  စိတ်မသက်မသာဖြင့် နောက်ကျကျန်နေခဲ့သည်။ အမေရိကန်နှင့် မြောက်ကိုရီးယားအရာရှိများသည် ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်ရန် နယ် စပ်အပစ်အခတ်ရပ်စဲရေးရွာ၌ တွေ့ဆုံခဲ့ကြ ပြီးနောက်တစ်ရက်တွင် အာဘေးနှင့် ထရန့်တို့သည် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ တယ်လီဖုန်းပြောမှုအတွင်း မကြာသေးမီက မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုသစ်များနှင့် မျှော်လင့်ထားကြသည့် အမေရိကန်-မြောက်ကိုရီးယား အစည်းအဝေးမတိုင်မီ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် အချင်းချင်း တွေ့ကြဦးမည်ဖြစ်ကြောင်း ထရန့်နှင့် အာဘေးတို့က  ဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“မြောက်ကိုရီးယားရဲ့ နျူကလီးယား၊ ဓာတု၊ ဇီဝလက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည် စနစ်တွေကို အလုံးစုံနဲ့ ရာသက်ပန်ဖျက်သိမ်းရေးဟာ မရှိမဖြစ် အရေးပါတဲ့အကြောင်း သမ္မတနဲ့ ဝန်ကြီးချုပ်တို့က အခိုင်အမာ သဘောတူခဲ့ကြပါတယ်” ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်အစိုးရက ပိတ်ဆို့မှုများ၊ စီးပွားရေးကန့်သတ်မှုများကို ဖြေလျှော့ပေးရေးအတွက် မြောက်ကိုရီးယားဘက်မှ နျူကလီးယား လက်နက်များအားလုံးကို မြန်မြန်ဆန်ဆန် စွန့်လွှတ်စေရန် လိုလားနေခြင်း ဖြစ်သည်။ မြောက်ကိုရီးယားကမူ တောင်ကိုရီးယား၌ ကြီးမားသော အမေရိကန်၏ စစ်ရေး တပ်စွဲမှုတစ်ခုရှိနေစဉ်  နျူကလီးယားလက်နက်အား စွန့်လွှတ်လိုက်ခြင်းသည် ၎င်းတို့၏ ခုခံနိုင်စွမ်းအားနည်းသွားစေမည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent