ထရန့်နှင့် တောင်ကိုရီးယားသမ္မတတို့ အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးမှုက အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက် သက်ရောက်မှုရှိလာနိုင်

ထရန့်နှင့် တောင်ကိုရီးယားသမ္မတတို့ အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးမှုက အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက် သက်ရောက်မှုရှိလာနိုင်
Published 23 May 2018

မေ ၁၆ ရက်က တောင်ကိုရီးယားတွင် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ အမေရိကန်၏ F -22 Raptor ရေဒါပျောက် တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ် (Photo – AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် မေ ၂၂ ရက်တွင်အိမ်ဖြူတော်၌ အရဲစွန့်မှု ပါဝင်သော ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိ ကန်သမ္မတတို့၏ ထိပ်သီးဆွေးနွေးပွဲကို ရှေ့ဆက် ပြုလုပ်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ပေးနိုင်မည် ဖြစ်သည်။

အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံအကြား  ထိပ်သီးမစတင်မီ အခက်တွေ့လုနီးပါးဖြစ်နေသော မကြုံစဖူး သံတမန်ဆက်ဆံရေး အခွင့်အလမ်းတစ်ခုကို အဖတ်ဆယ်ရန် မွန်းဂျေအင်းသည် ဝါရှင်တန်သို့ သွားရောက်ခဲ့သည်။

ထရန့်က နားလည်ရခက်သော မြောက်ကိုရီးယားခေါင်းဆောင် ကင်နှင့် ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ တွေ့ဆုံရန် သဘောတူခဲ့သော်လည်း အမေရိကန်-မြောက်ကိုရီးယား ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲသည် နှစ်ဖက်စလုံး၏ သံသယဖော်ပြမှုများဖြင့် ယခုအခါ စိုးရိမ်ရသည့် မရေရာမှုများရှိလာပြီ ဖြစ်သည်။

မွန်းက ၎င်း၏ နိုင်ငံတော်လုံခြုံရေး အကြံပေးကို မတ်လတွင် အိမ်ဖြူတော်သို့ စေလွှတ်ခဲ့ပြီး  ဆွေးနွေးပွဲကျင်းပရန် ကမ်းလှမ်းချက်နှင့် မြောက်ကိုရီးယားက နျူကလီးလက်နက်စွန့်လွှတ်ရန် ဆန္ဒရှိနေသည်ဆိုသော စကားကို ပေးပို့ခဲ့သည်။

ထရန့်က ဆွေးနွေးပွဲကို ချက်ချင်းလက်ခံခဲ့မှုကြောင့် ၎င်း၏ဧည့်သည်များ၊ လက်ထောက်များနှင့် ကမ္ဘာကို အံ့အားသင့်စေခဲ့သည်။ ယင်းကမ်းလှမ်းချက်သည် စစ်ရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရန်နှင့် သဘောတူညီချက်တစ်ခုရရှိရန် အခွင့်အရေး တစ်ခုဟု လေ့လာသူများက သုံးသပ်ခဲ့သည်။

ယင်းနောက် ကိုရီးယားနှစ်နိုင်ငံသမိုင်းဝင် ဆွေးနွေးပွဲများ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြုံယမ်းသို့ နှစ်ကြိမ်သွားရောက်ခဲ့မှုနှင့် ဖမ်းဆီးခံခဲ့ရသော အမေရိကန်နိုင်ငံသား သုံးဦးကို မြောက်ကိုရီးယားက လွှတ်ပေးမှုများ ဖြစ်ပေါ်ခဲ့သည်။

ထရန့်က အောင်ပွဲများစွာရရှိခဲ့သော်လည်း မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်ဖျက်သိမ်းရန်အတွက် စိတ်သဘောထားသည် ယခုအခါ မရေရာမှုများရှိလာပြီ ဖြစ်သည်။ နျူကလီးယားလက်နက် ဖျက်သိမ်းရန်အတွက် အမေရိကန်၏ တစ်ဖက်သတ်တောင်းဆိုမှုများကို ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန်အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်သည့်အနေဖြင့် တောင်ကိုရီးယားနှင့် အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့သည်။

Ref ; AFP

Most Read

Most Recent