၁၈၉၀ ပြည့်နှစ်က ထိုရထားသည် ပေါ်တူဂီဘုရင်များနှင့် သမ္မတများကို သယ်ပို့ပေးခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ပြေးဆွဲမှု မရပ်နားမီထိ ဒုတိယ အလစ်ဇဘတ်ဘုရင်မကြီး၊ ဆဋ္ဌမမြောက်ပုပ်ရဟန်းမင်းတို့ ကဲ့သို့သော ဧည့်သည်တော်များကိုလည်း ပို့ဆောင်ပေးခဲ့သည်။
ဒေါ်လာ ၁ ဒသမ ၂ သန်း အကုန်အကျခံ၍ ပြည်လည်မွမ်းမံခဲ့ပြီးနောက် ယခုအခါ အပြာရောင်ဇိမ်ခံရထားအဖြစ် ပြန်လည် အသက်ဝင်လာခဲ့သော ထိုရထားသည် ခရီးသည်များကို ပြန်လည်ပို့ဆောင်နေပြီဖြစ်သည်။ သို့သော်လည်း ရထားသည် တစ်နှစ်လျှင် ၁၂ ကြိမ်သာ ပြေးဆွဲမည်ဖြစ်သည်။
အမျိုးသားရထားပြတိုက်မှနေ၍ ရှုခင်းလှပသော ဒိုရိုတောင်ကြားကို ဖြတ်သန်းပြေးဆွဲမည့် ထိုရထားခရီးစဉ်သည် ယူရို ၅၀၀ ကျသင့်မည်ဖြစ်သည်။
ပြတိုက်တွင်းမှ အတွဲခြောက် တွဲပါရထားကို တွေ့မြင်သဘောကျသွားခဲ့သော အသက် ၃၇ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် ရွန်ကာလိုကက်စတယ်ဘရန်ကိုက ရထားကို ဝယ်ယူပြီး ပြန်လည်သွင်းခဲ့ခြင်း ဖြစ်သည်။
“ဒီရထားကို တစ်ခုခုလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ သမီးက စားသောက်ဆိုင်လုပ်ဖို့ အကြံပေးခဲ့တာ။ ဒီစိတ်ကူးက အရမ်းကောင်းတယ်လို့ ကျွန်တော်သိတယ်” ဟု သူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
ထို့နောက် ဂွန်ကာလိုသည် ၂၀၁၀ ပြည့်နှစ်တွင် ရထားကို ပြန်လည်မွမ်းမံခဲ့သည်။ တည်ခင်းပေးမည့် ကိုးနာရီကြာ ခရီးစဉ်များကို စပျစ်ရိတ်ရာသီနှင့် နွေဦးတိုင်းတွင် ပြေးဆွဲမည်ဖြစ်သည်။
မြောက်ပိုင်းပေါ်တိုမှ ထွက်ခွာမည့် “သမ္မတရထား” သည် ဒိုရိုဒေသ၏ နာမည်ကျော် စပျစ်ခြံများကို ဖြတ်သန်းပြေးဆွဲမည်ဖြစ်သည်။
Ref: AFP