မြောက်ကိုရီးယားခေါင်းဆောင် ကင်၏ အာဏာ ဆက်လက်တည်မြဲစေမည်ဟု ထရန့်က အာမခံချက်ပေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်၏ အာဏာ ဆက်လက်တည်မြဲစေမည်ဟု ထရန့်က အာမခံချက်ပေး
Published 19 May 2018

ဇန်နဝါရီ ၁၇ ရက်က ပြုံယမ်းရှိ ဆရာများတက္ကသိုလ်သို့ သွားရောက်ခဲ့သည့် ကင်ဂျုံအွန် (ဝဲ) နှင့် ဇူလိုင် ၆ ရက်က ဝါဆောတွင် ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ထရန့် (ယာ) ကို တွေ့ရစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နျူကလီးယားလက်နက်ကို စွန့်လွှတ်မည်ဆိုပါက ၎င်း၏ အာဏာ ဆက်လက်တည်မြဲရေးအတွက် အာမခံကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၁၇ ရက် တွင် ကမ်းလှမ်းခဲ့ပြီး ကင်ဂျုံအွန်နှင့် ထိပ်သီး ဆွေးနွေးပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ရန် ကြိုးစားခဲ့သည်။

ဇွန်လတွင်ကျင်းပမည့် နှစ်နိုင်ငံခေါင်းဆောင်များအကြား သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲအတွက် မျှော်လင့်ချက် အလားအလာ မှေးမှိန်နေသော်လည်း ထရန့်က  ဆွေးနွေးပွဲကို အောင်အောင်မြင်မြင် ရှေ့ဆက်လုပ်ဆောင်နိုင်မည်ဆိုပါက ကင်သည် အကာအကွယ်ပေးမ ှုရရှိလိမ့်မည်ဖြစ်ကြောင်း ထရန့် က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကင်က သူ့နိုင်ငံမှာပဲ နိုင်ငံကို အုပ်ချုပ်နိုင်မှာပါ။ သူ့နိုင်ငံက အရမ်းကြွယ်၀ လာလိမ့်မယ်”ဟု ထရန့်က ပြောကြားခဲ့သည်။

သံတမန်ဆက်ဆံရေး မအောင်မြင်ပါက ကင်သည် ရာထူးမှဖြုတ်ချခံခဲ့ရပြီး သူပုန်များ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီကဲ့သို့ အလားတူ ကံကြမ္မာနှင့် ကြုံတွေ့ရနိုင်သည်ဆိုသော မခံချိ မခံသာဖြစ်စေသည့် သတိပေးချက် ထွက်ပေါ်ခဲ့ပြီးနောက် ထရန့်က ယခုကဲ့သို့ အာမခံခဲ့ခြင်းဖြစ်သည်။ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်၏ တစ်ဖက်သတ် တောင်းဆိုမှုကို ရှုတ်ချခဲ့ပြီး စင်ကာပူတွင် ဇွန် ၁၂ ရက်၌ ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု ပြုံယမ်းက ခြိမ်းခြောက်ခဲ့ပြီးနောက် ထရန့်၏ ထိုမှတ်ချက်ထွက်ရှိလာခဲ့သည်။ ကင်၏ သိသာသော ထိုအပြောင်းအလဲသည် တရုတ်သမ္မတ ရှီကျင်ပင်း၏ ညွှန်ကြားမှုအရ ဖြစ်နိုင်သည်ဟု ထရန့်က အရိပ်အမြွက် ပြောကြားခဲ့သည်။

“ဒါက ကောင်းကောင်းကြီးဖြစ်နိုင်တယ်။ သူက ကင်ကို သြဇာလွှမ်းမိုးမှုရှိတယ်” ဟု ၎င်းတို့နှစ်ဦး မကြာမီက တွေ့ဆုံမှုကို ရည်ညွှန်းလျက် ထရန့်က ပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာအတွင်း တရုတ်၏ စီးပွားရေး ထောက်ကန်ပေးထားမှုဖြင့်  မြောက်ကိုရီးယားသည် အမေရိကန်မြို့များအထိ ရောက်ရှိနိုင်သည့် နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သော ဒုံးတီထွင်နိုင်သည့် နည်းပညာဆိုင်ရာတိုးတက်လာမှုကို  အမေရိကန်က စိုးရိမ်စွာ စောင့်ကြည့်နေရသည်။

ယင်းအတောအတွင်း ထရန့်သည် မြောက်ကိုရီးယားအစိုးရကို အစွမ်းကုန်ဖိအားပေးသည့် လှုပ်ရှားမှုကို စတင်ခဲ့သည့်အပြင် ဆွေးနွေးမှုများကိုပါ ကမ်းလှမ်းခဲ့သည်။

ကင်နှင့်ထရန့်၏ မိတ်ဖက် တောင်ကိုရီးယား သမ္မတ၊ မြောက်ကိုရီးယားနှင့် အမေရိကန် တာဝန်ရှိသူများအကြား သမိုင်းဝင် ဆွေးနွေးပွဲများက သံတမန်ဆက်ဆံရေး လမ်းကြောင်းပေါ် ရောက်ရှိသကဲ့သို့ လုပ်ဆောင်ခဲ့သည်။

သတင်းဓာတ်ပုံဆရာများရှေ့တွင် အတူပြုံးပျော်စွာ ဓာတ်ပုံရိုက်မှုနှင့် သံတမန်ရေးရာ ချီးကျူးအားပေးခဲ့မှုရရှိခဲ့ပြီး လနှင့်ချီ ကြာမြင့်ခဲ့ပြီးနောက် မြောက်ကိုရီးယားတာဝန်ရှိသူတစ်ဦးက ထိပ်သီးဆွေးနွေးပွဲကို ရှေ့ဆက်ကျင်းပနိုင်မည် မဟုတ်ဟု ပြောကြားခဲ့သည်။ ထရန့်၏ လုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် လစ်ဗျားကို စံနမူနာအဖြစ် ရည်ညွှန်း ပြောကြားခဲ့မှုကိုလည်း ယင်းတာဝန်ရှိသူက မကျေမနပ် ပြောကြားခဲ့သည်။

Most Read

Most Recent