<

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် တစ်နေ့ ကလေးမွေးဖွားမှုနှုန်း ၆၀ ၀န်းကျင်ရှိနေဟု ယူနီဆက်ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျယ်ပြောလှသော ဒုက္ခသည်စခန်းများတွင် တစ်နေ့လျှင် ကလေး ၆၀ ၀န်းကျင် မွေးဖွားနေကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများအေဂျင်စီ ယူနီဆက်က မေ ၁၆ ရက်တွင်ပြောကြားခဲ့သည်။ မြန်မာ့ စစ်တပ်က ဖြိုခွင်းခဲ့ပြီးနောက် လွန်ခဲ့သော ကိုးလအတွင်း ဘင်္ဂါလီ ၇၀၀၀၀၀ နီးပါးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာသို့ ထွက်ပြေးခဲ့ကြသည်။ ယင်းဖြိုခွင်းမှုကို ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဗြိတိန်တို့ က လူမျိုးသုဉ်း သတ်ဖြတ်မှုဟု ပြစ်တင်ရှုံ့ချခဲ့ကြသည်။

အဆိုပါပြောဆိုချက်ကို မြန်မာဘက်က ငြင်းဆိုခဲ့သည်။

ဘင်္ဂါလီ အရေးစတင်ဖြစ်ပွားခဲ့ချိန် မှစ၍ ဒုက္ခသည်စခန်းများတွင် ကလေး ၁၆၀၀၀ ကျော်ကို မွေးဖွားခဲ့သည့်အနက် ကလေး ၃၀၀၀ခန့် ကိုသာ ကျန်းမားရေဌာနများတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု ယူနီဆက်က ထုတ်ပြန်ကြေညာခဲ့သည်။

“အိမ်နဲ့  ဝေး တဲ့နေရာ၊ အိုးအိမ်စွန့်၊ အကြမ်းဖက်မှုကြုံ၊ အဖြစ်ဆိုးကိုရင်ဆိုင်၊ တခါတခါမှာ မတရားပြုကျင့်ခံရစတဲ့ ဆိုးရွားတဲ့အခြေအနေတွေကို လွန်မြောက်ခဲ့တဲ့ မိခင်တွေဟာ အလွန်ဆိုးရွားတဲ့ အခြေအနေမှာ တစ်နေ့ ကို ကလေး ၆၀ ၀န်းကျင် မွေးနေကြတာဖြစ်ပါတယ်။” ဟု ဘင်္ဂလားဒေ့ရှ်၏ ယူနီဆက်ကိုယ်စားလှယ် အက်ဒွါဘီဘာက ပြောကြားခဲ့သည်။

ဒုက္ခသည်စခန်းများတွင် လက်ရှိအချိန်ထိ ကိုယ်ဝန်ဆောင် ၁၈၃၀၀ ဦး ကိုဖော်ထုတ်နိုင်ခဲ့ပြီး အကြမ်းဖျင်း စုစုပေါင်း ခန့် မှန်းချက်မှာ ၂၅၀၀၀ ၀န်းကျင်ရှိမည်ဟု အမည်မဖော်လိုသော ဘင်္ဂလားဒေ့ရှ် ထိပ်တန်းကျန်းမာရေး အရာရှိတစ်ဦးက လွန်ခဲ့သော သီတင်းပတ်တွင်ပြောကြားခဲ့သည်။

ဘင်္ဂါလီ ဒုက္ခသည်များကိုထောက်ပံ့ကူညီရန်၂၀၁၈ ခုနှစ် လက်ကျန်ကာလအတွက် ဒေါ်လာ ၉၅၁ သန်း အကူအညီပေးရန် ကုလသမဂ္ဂက လွန်ခဲ့သော မတ်လတွင် မေတ္တာရပ်ခံခဲ့သော်လည်း ယင်းပမာဏမှာ ထောက်ပံ့ထားသည်ထက်၂၀ ရာခိုင်နှုန်းနည်းနေသည်ဟု ဆိုသည်။

May 18, 2018














Copy Protected by Chetan's WP-Copyprotect.