သက်တမ်းရင့် အမေရိကန်စစ်လေယာဉ် ပျက်ကျသဖြင့် လူကိုးဦး သေဆုံး

သက်တမ်းရင့် အမေရိကန်စစ်လေယာဉ် ပျက်ကျသဖြင့် လူကိုးဦး သေဆုံး
Published 3 May 2018

အသုံးမပြုတော့ဘဲ ချောင်ထိုးထားခြင်း မပြုမီ၊ စီစဉ်ထားသည့် နောက်ဆုံးခရီးစဉ်ကို ပျံသန်းရာတွင် တပ်သားကိုးဦး တင်ဆောင်ထားသည့် သက်တမ်းရင့် အမေရိကန် ကုန်တင်စစ်လေယာဉ် တစ်စင်းသည် မတ် ၂ ရက်နေ့က ဆိုးဆိုးရွားရွား ပျက်ကျမှုတွင် ပျက်စီးသွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပွါတိုရီကို အမျိုးသားလေကြောင်း C-130 အစောင့်တပ်မှ “Hercules” ကုန်တင်လေယာဉ်သည် ဆာဗန်းနားလေဆိပ်အနီး၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ပျက်ကျသွားခဲ့သည်။ ကောင်းကင်မှ ထိုးကျလာပြီးနောက် မီးလုံးကြီးများအဖြစ် ပေါက်ကွဲထွက်သွားသည်ကို ရိုက်ယူထားသော ဗီဒီယိုတွင် မြင်တွေ့ခဲ့ရသည်။ လေယာဉ်အမှုထမ်း ၅ ဦး သေဆုံးသွားသည်ဟု အစောပိုင်းတွင် တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း လေယာဉ်ပေါ်တွင် အခြားလူများလည်း လိုက်ပါသွားသည်ကို နောက်ပိုင်းတွင် သိရှိခဲ့ရသည်။

“လေယာဉ်ပေါ်မှာ လူ ၉ ဦးပါတယ်လို့ ကျွန်တော်တို့ အတည်ပြုပါတယ်။ အမှုထမ်း ၅ ဦးနဲ့ နောက်ထပ် ခရီးသည် ၄ ဦးတို့ ဖြစ်ပါတယ်” ဟုပွါတိုရီကို အမျိုးသားအစောင့်တပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးပေါလ်ဒါလန်က ပြောကြားခဲ့သည်။ အခြားလူ ၄ ဦးသည်လည်း တပ်ထဲကပင် ဖြစ်သည်ဟု သူကပြောသည်။ လေယာဉ်ပေါ်တွင် ပါသွားသူ ၉ ဦးစလုံး သေဆုံးသွားသည်ဟု ဒါလန်က ချက်ချင်းအတည်ပြုခြင်း မရှိခဲ့သော်လည်း ပျက်ကျသည့်ရုပ်ပုံများက အားလုံးသေဆုံးသွားပြီ ဆိုသည်ကို ညွှန်ပြလျှက်ရှိသည်။

လေယာဉ်ပျက်ကျမှုကို အမေရိကန်သမ္မတ ဒေါနယ်ထရန့်က တွစ်တာမှာ တိုတိုကျဉ်းကျဉ်း ပြောကြားခဲ့ပြီး သေဆုံးသွားသူများ၏ မိသားစုများကို ဝမ်းနည်းစကား ပြောကြားခဲ့သည်။

လေယာဉ်သည် သက်တမ်း အနှစ် ၅၀ ကျော်ခန့် ရှိနေပြီဖြစ်ပြီး၊ လေယာဉ်ဟောင်းများအတွက် သင်္ချိုင်းဟုခေါ်သည့် ဒေးဗစ်မွန်သန် လေတပ်အခြေစိုက်စခန်းရှိ အမှတ် ၃၀၉ လေကြောင်း ပြုပြင်ထိန်းသိမ်းမှု ပြန်လည်ဖန်တီးရေးအုပ်စုသို့ ဦးတည်ပျံသန်းသွားခဲ့ခြင်း ဖြစ်သည်ဟု သူကပြောကြားခဲ့သည်။

A-130 သည်ပြုပြင်ထန်းသိမ်းရန် ဂျော်ဂျီယာကို ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး စက်ပိုင်းဆိုင်ရာ အနေအထား ကောင်းမွန်နေဆဲ ဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိသည်။

Most Read

Most Recent