ပျောက်ဆုံးခဲ့သည့် ကလေးငယ်ကို စောင့်ရှောက်ပေးခဲ့သည့် သြစတြေးလျခွေးအား ရဲဂုဏ်ထူးဆောင်ဆု ချီးမြှင့်

ပျောက်ဆုံးခဲ့သည့် ကလေးငယ်ကို စောင့်ရှောက်ပေးခဲ့သည့် သြစတြေးလျခွေးအား ရဲဂုဏ်ထူးဆောင်ဆု ချီးမြှင့်
Published 22 April 2018

သုံးနှစ်ကလေးအား ဘေးကင်းစွာ တစ်ညလုံး စောင့်ရှောက်ပေးခဲ့သော အသက် ၁၇ နှစ်အရွယ် မက်စ်အမည်ရ ခွေးအား တွေ့ရစဉ် (Photo: AFP)

သြစတြေးလျ တောရိုင်းမြေထဲတွင် လမ်းပျောက်နေသည့် သုံးနှစ်အရွယ်မိန်းကလေးကို ကယ်ဆယ်ရေးသမားများက ရှာတွေ့သည့်အချိန်အထိ တစ်ညလုံးဘေးကင်းစေရန် စောင့်ရှောက်ပေးခဲ့သော ခွေးတစ်ကောင်ကို ဧပြီ ၂၁ ရက်တွင် ရဲတပ်ဖွဲ့က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့သည်။

အသက် ၁၇ နှစ်ရှိပြီဖြစ်သည့် ထိုခွေးသည် နားမကြားသည့်အပြင် တစ်စိတ်တစ်ပိုင်း မျက်စိကွယ်နေသည်ဟု သိရသည်။ ဖြစ်စဉ်မှာ ကွင်းစ်လန်း ပြည်နယ်ထဲရှိ ကျေးလက်နေအိမ်တစ်လုံးမှ အော်ရိုရာအမည်ရှိ ကလေးငယ်သည် တောရိုင်းမြေထဲသို့ သွားရောက်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဧပြီ ၂၀ ရက်တွင်မူ ထိုကလေးအား အရေးပေါ် ကယ်ဆယ်ရေးသမားများက ခြေကျင်သော်လည်းကောင်း၊ ဝေဟင်မှ သော်လည်းကောင်း ရှာဖွေခဲ့ကြသည်။ Blue heeler ခွေးမျိုးဖြစ်သော မက်စ်သည် မိုးရွာနေခဲ့သည့် အဆိုပါတစ်ညလုံးလုံး ကလေးနှင့်အတူရှိနေခဲ့ပြီး ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်းတို့ကို ပြန်တွေ့ခဲ့ကြခြင်းဖြစ်သည်။ အဘွားဖြစ်သူသည် ကလေး၏အသံကို ဦးစွာကြားခဲ့ပြီးနောက် မက်စ်ကို တွေ့လိုက်ရကြောင်း၊ မက်စ်က အဘွားကို ကလေးထံ ခေါ်သွားပေးခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှာ မက်စ်ကို ဂုဏ်ထူးဆောင်ခွေးအဖြစ် ချီးမြှင့်ရေးအတွက် အလျင်အမြန်လုပ်ဆောင်ခဲ့ကြသည်။ နေအိမ်၏ နှစ်ကီလိုမီတာ (တစ်မိုင်) အကွာတွင် ပြန်တွေ့ခဲ့သော ကလေးမှာမူ ပွန်းပဲ့ရာအနည်းငယ် ဖြစ်ပွားသည်မှအပ ကျန်းမာရေးကောင်းမွန်သည်ဟု သိရသည်။

Most Read

Most Recent