ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂ ါလီဒုက္ခသည် စခန်းများတွင် ပထမဆုံးမိုးရွာသွန်းမှုက ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေခဲ့

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂ ါလီဒုက္ခသည် စခန်းများတွင် ပထမဆုံးမိုးရွာသွန်းမှုက ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေခဲ့
Published 21 April 2018

ယခုနှစ်အတွင်း ပထမဆုံးမိုးရွာသွန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ လူပြည့်ကျပ်နေသော ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်စခန်းများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဧပြီ ၁၉ ရက်တွင် အကူအညီပေးရေးဝန်ထမ်းများက ပြောကြားခဲ့သည်။ ယင်းသည် မုတ်သုံရာသီမတိုင်မီ တစ်သန်းနီးပါးရှိသည့် ဒုက္ခသည်များအတွက် စိုးရိမ်မှုများကို မြင့်တက်လာစေသည်။ ရွာသွန်းချိန် တိုတောင်း သော်လည် သည်းထန်စွာရွာသွန်းခဲ့သော မိုးက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီးရှိ လမ်းများကို ရွှံ့အိုင်များအဖြစ် ပြောင်းလဲသွား စေခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေကာ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များအတွက် အန္တရာယ်တစ်ရပ်ကို အရိပ်အမြွက် ပြလိုက်သကဲ့သို့ရှိသည်။

“အခန်းတွေအတွင်း ရေကြီးနေတဲ့နေရာ တွေကို မြင်နေရပြီး လမ်းတချို့ရဲ့ အစိတ် အပိုင်းတွေဟာ အကြီးအကျယ် ရိုက်ခတ်မှု ခံရပါတယ” ဟု ဒုက္ခသည်စခန်းများတည် ရှိရာ ကော့ဘဇားခရိုင်တွင် ရွှေ့ပြောင်းအခြေ ချမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့မှ ပြော ရေးဆိုခွင့်ရ အမျိုးသမီး ဖီအိုနာမက်ဂရီဂေါ က ပြောကြားခဲ့သည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့များက ဇွန်လတွင် စတင်ကျ ရောက်လာတော့မည့် မုတ်သုံရာသီက ဖြစ်စေနိုင်သည့် အန္တရာယ်အကြောင်း အား  တောင်စောင်းများရှိ ခနော်ခနဲ့ ယာယီ တဲများ၌ တိုးဝှေ့နေထိုင်နေရသည့် ဒုက္ခသည် များ၏အကျိုးအတွက် သတိပေးနေခဲ့သည်မှာ လအတန်ကြာခဲ့ပြီဖြစ်သည်။

Most Read

Most Recent