တောင်နှင့်မြောက် ကိုရီးယားခေါင်းဆောင်များအကြား အရေးပေါ်ဖုန်းလိုင်းဖွင့်လှစ်

တောင်နှင့်မြောက် ကိုရီးယားခေါင်းဆောင်များအကြား အရေးပေါ်ဖုန်းလိုင်းဖွင့်လှစ်
Published 21 April 2018

တောင်ကိုရီးယားနှင့်မြောက်ကိုရီးယား နိုင်ငံတို့က ဧပြီ ၂၀ ရက်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အရေးပေါ်ဖုန်းလိုင်းတစ်ခု ဖွင့်လှစ်ခဲ့သည်ဟု ဆိုးလ်ရှိ သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တောင်ကိုရီးယား သမ္မတမွန်းဂျေအင်းတို့  စစ်မဲ့ဇုန် DMZ တွင် ထိပ်သီးဆွေးနွေးပွဲမကျင်းပမီတစ်ပတ်အလိုတွင် ယင်းအရေးပေါ် ဖုန်းလိုင်းကို ဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည်။

ယင်းဖုန်းလိုင်းသည် ဆိုးလ်ရှိ သမ္မတ အိမ်ပြာတော်နှင့် ကင်ဥက္ကဋ္ဌအဖြစ် ဦးစီးသည့် မြောက်ကိုရီးယား၏နိုင်ငံရေးရာ ကော်မရှင်ရုံးကို ချိတ်ဆက်ပေးမည်ဖြစ်သည်။

“ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေအကြား သမိုင်းဝင် အရေးပေါ်ဖုန်းလိုင်း ဆက်သွယ်မှု ကို တည်ထောင်ခဲ့ပြီးပြီ”ဟု အိမ်ပြာတော် အကြီးတန်းတာဝန်ရှိသူ ယွန်ကန်ယောင်က ပြောကြားခဲ့သည်။

တာဝန်ရှိသူများအကြား  ၄ မိနစ်နှင့် ၁၉ စက္ကန့်အကြာ စမ်းသပ်စကား ပြောဆိုခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

မွန်းနှင့် ကင်သည် ဧပြီ ၂၆ ရက်တွင်   DMZ  တောင်ဘက်ခြမ်းတွင် တွေ့ဆုံမည် ဖြစ်သည်။

Most Read

Most Recent