နိုင်ငံခြားစပိုင်လုပ်မှုများကို တိုင်ကြားနိုင်မည့် ဝက်ဆိုက်ကို တရုတ်အစိုးရက လွှင့်တင်

နိုင်ငံခြားစပိုင်လုပ်မှုများကို တိုင်ကြားနိုင်မည့် ဝက်ဆိုက်ကို တရုတ်အစိုးရက လွှင့်တင်
Published 18 April 2018

ဆိုရှယ်လစ်စနစ်ကို နန်းချပစ်မည်ဆိုသော ကြိုးပမ်းမှုများကဲ့သို့သော အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုများကို ပြည်သူများက သတင်းပေးရန် အားပေးတိုက်တွန်းထားသော ဝက်ဆိုက်တစ်ခုကို တရုတ်အစိုးရက လွှင့်တင်လိုက်ခြင်းနှင့်အတူ တရုတ်သည် နိုင်ငံခြားသူလျှိုလုပ်မှုကို ဆန့်ကျင်သည့် စစ်ဆင်ရေးကို အရှိန်မြင့်တင်လိုက်ပြီဖြစ်သည်။ အဆိုပါ ဝက်ဆိုက်ကို တရုတ်၊ အင်္ဂလိပ်ဘာသာတို့နှင့် ရေးသားထားသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသားများ၊ နိုင်ငံခြားသားများက အစိုးရတာဝန်ရှိသူများ၊ စစ်ဘက်အရာရှိများကို လာဘ်ထိုးရန် ကြိုးပမ်းမှုများ၊ လက်နက်ကိုင်အဓိကရုဏ်းများဖြစ်ရန် သွေးထိုးလှုံ့ဆော်မှုများ၊ လူမျိုးရေးခွဲခြားမှုကို လှုံ့ဆော်ပေးခြင်းစသော ကြိုးပမ်းမှုများအား ပြည်သူတို့က သတင်းပေးရန် ဧပြီ ၁၅ ရက်တွင် အမျိုးသားလုံခြုံရေးဝန်ကြီးဌာနက လွှင့်တင်လိုက်သော www.12339.gov.cn ဝက်ဆိုက်က တိုက်တွန်းထားသည်။

ပြသာနာရှိနိုင်သော အပြုအမှုများတွင် တရုတ်ပြည်တွင်းတွင် နေထိုင်ပြီ နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သော လှုပ်ရှားမှုများကို လုပ်ဆောင်သူမှန်သမျှအား တွေ့ဆုံသော နိုင်ငံခြားသာများ၊ သို့မဟုတ် အစိုးရဆန့်ကျင့်သူများနှင့် အပြန်အလှန် ဆက်ဆံမှုသည် ဘဝင်မကျစရာဖြစ်စေသည်ဟူသော စိုးရိမ်မှုများကို မြင့်တက်စေသည့် သံသယရှိစရာ လုပ်ရပ်များ ပါဝင်သည်။

သူလျှိုထောက်လှန်းရေး ပစ္စည်းကိရိယာများကို ရှာဖွေတွေ့ရှိမှုများအတွက် သတင်းပေးများကို ဆုငွေချီးမြှင့်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်လျှို့ဝှက်ချက်များကို ရောင်းစားခြင်း သို့မဟုတ် ဝယ်ယူခြင်းအတွက် သတင်းပေးသူများကိုလည်း ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်း ဝက်ဆိုက်တွင် ဖော်ပြထားပြီး တိုင်ကြားသူများအနေဖြင့် တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးစလုံးဖြင့် တိုင်ကြားနိုင်သည်ဟု ဆိုသည်။ ဆုကြေးအသေးစိတ်ကို ဝက်ဆိုက်က ဖော်ပြထားခြင်းမရှိပေ။ ပေကျင်းမြို့တော် အမျိုးသားလုံခြုံရေးဗျူရိုကမူ ထောက်လှန်းရေးသတင်းများအတွက် ယွမ် ၁၀၀၀၀ မှ ၅၀၀၀၀၀ (ဒေါ်လာ ၁၅၀၀ မှ ၇၃၀၀၀) ကမ်းလှမ်းထားသည်ဟု တရားဝင်ပေကျင်းဒေးလီး သတင်းစာက လွန်ခဲ့သောဧပြီလက ဖော်ပြခဲ့သည်။

Ref: AFP

Most Read

Most Recent