ဘာရိန်းက သမိုင်းတွင် အကြီးမားဆုံး ရေနံတွင်းကို ရှာဖွေတွေ့ရှိ

ဘာရိန်းက သမိုင်းတွင် အကြီးမားဆုံး ရေနံတွင်းကို ရှာဖွေတွေ့ရှိ
Published 3 April 2018

Photo: AFP

ပင်လယ်ကွေ့ရှိ သေးငယ်သော ဘုရင့် နိုင်ငံ ဘာရိန်းတွင် သမိုင်း၌ အကြီးမားဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းကို ရှာဖွေ တွေ့ရှိကြောင်း ဧပြီ ၁ ရက်တွင် ဘာရိန်းက ကြေညာခဲ့သည်။

အခြား ပင်လယ်ကွေ့နိုင်ငံ များကဲ့သို့ စွမ်းအင် မကြွယ်ဝသော ဘာရိန်း ၏ အနောက်ဘက်ကမ်းလွန်တွင် နိုင်ငံ၏ သမိုင်း၌ အကြီးမားဆုံး ရေနံနယ်မြေကို တွေ့ရှိခဲ့ကြောင်း အိမ်ရှေ့မင်းသား ဆယ်မန်ဘင်ဟာမက် ဦးစီးသည့် ဘာရိန်းသဘာ၀ ရင်းမြစ်ကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘာရိန်းတွင် လောလောဆယ် ၌ ရေနံတွင်းတစ်တွင်းသာရှိပြီး ယင်းရေနံ တွင်းသည် စည်ပေါင်း သန်းရာနှင့်ချီ၍ ထွက်ရှိနိုင်သည့် ရေနံတွင်းဖြစ်သည်။

တစ်ရက်လျှင် ရေနံစည် ၅၀,၀၀၀ ထုတ်လုပ်နေသော ဘာရိန်းသည် နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗမီတာ တစ်ဘီလျံကျော်ကိုလည်း ထုတ်လုပ်နေသည်။

ယခုတွေ့ရှိသော ရေနံတွင်း သည် ပင်လယ်ကွေ့တွင် ဘာရိန်း၏ ပထမဆုံး ရှာဖွေ့တွေ့ရှိမှုဖြစ်သည်။

နိုင်ငံဝင်ငွေ၏  ရာခိုင်နှုန်း ၈၀ ကို ရေနံမှ ရရှိနေသော ဘာရိန်းသည် ဆော်ဒီအာရေဗျနှင့်အတူ ပိုင်ဆိုင်ထားသော အဘူဆာဖာ ရေနံတွင်းမှ တစ်ရက်စည် ၁၅၀,၀၀၀ ထပ်မံရရှိသည်။

 

 

Most Read

Most Recent