UBER က အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းကို ပြိုင်ဘက် Grab ထံ ရောင်းချခဲ့

UBER က အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းကို ပြိုင်ဘက် Grab ထံ ရောင်းချခဲ့
Published 27 March 2018

စင်ကာပူတွင် မတ် ၂၆ ရက်က Uber နှင့် Grab ရုံးခန်းများရှေ့မှ ဝန်ထမ်းများက ဖြတ်သန်းသွားစဉ် (Photo: AP)

UBER သည် ၎င်း၏ အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းကို ပြိုင်ဘက် Grab ထံ မတ် ၂၆ ရက်က ရောင်းချခဲ့ပြီး အင်တာနက်မှတစ်ဆင့် ကားငှားရမ်းမှုလုပ်ငန်းကြီးများကြားတွင် ယှဉ်ပြိုင်မှုတစ်ခု  အဆုံးသတ်သွားစေခဲ့သည်။ စင်ကာပူအခြေစိုက် Grab သည် အရှေ့တောင်အာရှရှိ Uber ၏ အင်တာနက် Taxi အငှားလုပ်ငန်းနှင့် စားသောက်ကုန် ဖြန့်ချိရေးလုပ်ငန်းတို့ကို လွှဲပြောင်းရယူခဲ့ပြီး ကယ်လီဖိုးနီးယားအခြေစိုက် Uber သည် အပြန်အလှန်အနေဖြင့် Grab တွင် ရှယ်ယာ ၂၇ ဒသမ ၅ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။

အကြိတ်အနယ်ယှဉ်ပြိုင်နေရသော အရှေ့တောင်အာရှ ဈေးကွက်တွင် အမေရိကန်ကုမ္ပဏီက နောက်ဆုတ်သွားခဲ့ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တစ်ခု၌ Uber က နောက်ဆုတ်ခဲ့သည့် နောက်ဆုံးဖြစ်စဉ် တစ်ခုဖြစ်လာခဲ့သည်။ Uber သည် တရုတ်ဈေးကွက်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး နောက် ၂၀၁၆ ခုနှစ်တွင် ဒေသဆိုင်ရာပြိုင်ဘက် Didi Chuxing ကို ရှယ်ယာဝေစုတစ် ခုရယူပြီး လုပ်ငန်းရောင်းချခဲ့သည်။ ထို့ပြင် Uber သည် ယမန်နှစ်က ရုရှားတွင်လည်း ဒေသဆိုင်ရာပြိုင်ဘက် Yandex နှင့် ပူးပေါင်းခဲ့သည်။ Grab နှင့် ရရှိခဲ့သော သဘောတူညီချက်သည် Uber အတွက် Didi နှင့်ရရှိခဲ့ သော သဘောတူညီချက်နှင့် အလားတူဖြစ်ခဲ့သည်။ လူဦးရေ သန်း ၆၅၀ ရှိသော အရှေ့တောင်အာရှ ဈေးကွက်တွင် လူလတ်တန်းစား များပြားလာမှုကြောင့် အင်တာနက်မှတစ်ဆင့် ကားငှားယူသည့် ဈေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်နေသည်။

 

Most Read

Most Recent