ဇာမိုရာဆု ရရှိရန် အာရုံစိုက်ထားခြင်းမရှိဟု စတီဂန် ဖွင့်ဟ

ဇာမိုရာဆု ရရှိရန် အာရုံစိုက်ထားခြင်းမရှိဟု စတီဂန် ဖွင့်ဟ
Published 21 March 2018

 

Photo: Mraca

 

ဘာစီလိုနာအသင်း၏ ဂျာမန်လက်ရွေးစင်ဂိုးသမား စတီဂန်က လာလီဂါ ပေးဂိုးမရှိပွဲအများဆုံးဆု(ဇာမိုရာ)ကို ရရှိရန် အာရုံမစိုက်ဘဲ အသင်းရလဒ်ကောင်းရန်သာ အဓိက ကြိုးစားသွားမည်ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

ယခုရာသီ လာလီဂါပြိုင်ပွဲတွင် စတီဂန်နှင့်အတူ အက်သလက်တီကို ဂိုးသမား အိုဘလက်ခ်မှာ Clean Sheets (၁၈)ပွဲစီ ရယူထားပြီး ဇာမိုရာဆုအတွက် အပြိုင်ဖြစ်နေကြသည်။

သို့သော် စတီဂန်က " ကျွန်တော် အဲဒီဆုဆွတ်ခူးဖို့ အာရုံ စိုက်နေမှာ မဟုတ်ပါဘူး။ ဘာစီလိုနာအသင်း အောင်မြင်မှုရအောင် အဓိက ကြိုးစားသွားမှာဖြစ်ပြီး ဆုဖလားတွေရ ခဲ့မယ်ဆိုရင် တစ်ဦးချင်း အကောင်းဆုံးဆုတွေလည်း ရယူနိုင်မှာပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent