ဒေါ်အောင်ဆန်းစုကြည် နေမကောင်းသောကြောင့် သြစတြေးလျတွင် ဆွေးနွေးပွဲ တက်ရောက်ရန် ဖျက်သိမ်းခဲ့

ဒေါ်အောင်ဆန်းစုကြည် နေမကောင်းသောကြောင့် သြစတြေးလျတွင် ဆွေးနွေးပွဲ တက်ရောက်ရန် ဖျက်သိမ်းခဲ့
Published 20 March 2018

Photo: AFP

မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေမကောင်းသောကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ယင်းဆွေးနွေးပွဲကို စီစဉ်သူများက မတ် ၁၉ တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီမွတ်စလင် ၆၇၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရမှုအတွက် ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာတွင် ဖိအား နှင့် ရင်ဆိုင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၁၆ မှ ၁၈ အထိ အာဆီယံ -သြစတြေးလျထိပ်သီးသို့ တက်ရောက်ခဲ့ပြီး  မတ် ၁၉ တွင် ကင်ဘာရာ၌ ဝန်ကြီးချုပ် မယ်ကွန်တန်ဘူးနှင့် တွေ့ဆုံခဲ့သည်။

မတ် ၂၀ ရက်တွင် ဆစ်ဒနီ၌ Lowy Institute တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားခဲ့သည်။

ထို မိန့်ခွန်းပြောကြားမှုနှင့်အတူ အမေးအဖြေကဏ္ဍလည်းပါဝင်ရာ သြစတြေးလျခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အများနှင့်တွေ့ဆုံပြောကြားသည့် တစ်ခုတည်းသော အခမ်းအနားဖြစ်မည်ဖြစ်သည်။

“နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျန်းမာရေး မကောင်းမွန်သောကြောင့် အခမ်းအနား တက်ရောက်နိုင်မည်မဟုတ်ကြောင်း မြန်မာ သံရုံးက Lowy Institute ကို ယနေ့မွန်းလွဲပိုင်းတွင် အကြောင်းကြားလာခဲ့သည်ဟု” Lowy Institute ၏ပြောခွင့်ရပုဂ္ဂိုလ်က ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယင်း အခမ်းအနားကို ဖျက်သိမ်းကြောင်း ယင်း ကြေညာချက်က ဆိုခဲ့သည်။

 

 

Most Read

Most Recent