ထရန့်က နိုင်ငံခြားရေးဝန်ကြီး တေလာဆင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး စီအိုင်အေ အကြီးအကဲနှင့် အစားထိုးခဲ့

ထရန့်က နိုင်ငံခြားရေးဝန်ကြီး တေလာဆင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး စီအိုင်အေ အကြီးအကဲနှင့် အစားထိုးခဲ့
Published 14 March 2018

ရာထူးမှ ထုတ်ပယ်ခံရသည့် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင် (ဝဲ) နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အသစ်ခန့်အပ်လိုက်သည့် စီအိုင်အေ အကြီးအကဲ မိုက်ပွန်ပေရို (ယာ) (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး လက်ရှိ စီအိုင်အေ အကြီးအကဲ မိုက်ပွန်ပေရိုက နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဆက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲမတိုင်မီ သူ၏ အစိုးရအဖွဲ့ကို သမ္မတက အပြောင်းအလဲ ပြုလုပ်လိုကြောင်း ဝါရင့် အမေရိကန် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

“စီအိုင်အေဒါရိုက်တာ မိုက်ပွန်ပေရိုက ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာပါမယ်။ သူက ဒီကြီးကျယ်တဲ့ အလုပ်ကို လုပ်ပါလိမ့်မယ်” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။

“တာဝန်ထမ်းဆာင်ခဲ့တဲ့ ရက်စ်တေလာဆင်ကို ကျေးဇူးတင်ပါတယ်” ဟု သူက ထပ်မံရေးသားခဲ့သည်။

ထရန့်သည် ထောက်လှမ်းရေး အရာရှိ ဂီနာဟာဆယ်အား စီအိုင်အေကို ဦးဆောင်သူအဖြစ် ရွေးချယ်ကြောင်း ကြေညာခဲ့သည်။ ဂီနာသည် စီအိုင်အေကို ဦးဆောင်မည့် ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။

Most Read

Most Recent