ဘင်္ဂါလီဒုက္ခသည်များအတွက် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး တောင်းခံ

ဘင်္ဂါလီဒုက္ခသည်များအတွက် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး တောင်းခံ
Published 12 March 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ လူပြည့်ကျပ်နေသော စခန်းများတွင် နေထိုင်လျက်ရှိသည့် ဘင်္ဂါလီဒုက္ခသည် (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား) တစ်သန်းနီးပါးကို ကျွေးမွေးစောင့်ရှောက်ရန် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး လိုအပ်လိမ့်မည်ဟု မတ် ၁၁ ရက်တွင် ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အကျပ်အတည်း၏ အရေးပါမှုကြောင့် ယခုနှစ်အတွက် တောင်းခံသော ဒေါ်လာသန်း ၉၅၀ မှာ အလွန်ကျိုးကြောင်းဆီလျော် မှုရှိပြီး ခိုင်လုံမှုရှိသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်က ထုတ်ဖော်ပြောကြားခဲ့သည်။

“အကျပ်အတည်းဟာ အဆင့်ဆင့် ပြောင်းလဲနေပြီး အကျပ်အတည်းသစ်တစ်ခု ဖြစ်ပါတယ်။ လိုအပ်ချက်တွေဟာ အင်မတန်ကြီးမားပါတယ်။ ဒီလူတွေဟာ လက်ဗလာနဲ့ ရောက်လာကြတာ ဖြစ်ပါတယ်။ အကူအညီတွေ ဆက်လက်ပေးသွားဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် ဌာနေကိုယ် စားလှယ် မီယာဆက်ပိုက အေအက်ဖ်ပီကို ပြောသည်။

ရန်ပုံငွေတောင်းခံမှုအား ယခုသီတင်းပတ်အတွင်း ဂျီနီဗာ၌ပြုလုပ်မည့် ကုလသမဂ္ဂ ကွန်ဖရင့်တွင် တင်ပြသွားမည်ဟု ဆိုသည်။ ဘင်္ဂါလီ အကျပ်အတည်းအတွက် နိုင်ငံများက လွန်ခဲ့သော အောက်တိုဘာလတွင် ဒေါ်လာ ၃၄၅ သန်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ဖေဖော်ဝါ ရီအထိ ဘင်္ဂါလီများကို စောင့်ရှောက်ရန် ဒေါ်လာ ၄၃၄ သန်း လိုအပ်သည်ဟု ထိုအချိန်တုန်းက ကုလသမဂ္ဂက ပြောကြားခဲ့သည်။

Ref ; AFP