ဘင်္ဂလားဒေ့ရှ်တွင် ၂၃ နိုင်ငံ ပါဝင်သော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ဆောင်ရွက်

ဘင်္ဂလားဒေ့ရှ်တွင် ၂၃ နိုင်ငံ ပါဝင်သော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ဆောင်ရွက်
Published 2 March 2018

ဘင်္ဂလားဒေ့ရှ်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှု Shanti Doot 4 ကို ဖေဖော်ဝါရီ ၂၆ ရက်က စတင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ အမေရိကန် အပါအဝင် နိုင်ငံ ၂၃ နိုင်ငံမှ အဖွဲ့ဝင် ၁၀၀၀ ကျော် ပူးပေါင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာတောင့်တင်းရန်နှင့် မိတ်ဖက်နိုင်ငံများ ငြိမ်းချမ်းရေးထိန်းသိမ်းမှုစွမ်းရည် မြှင့်တင်ရန်ရည်ရွယ်သော ယင်း စစ်ရေးလေ့ကျင့်မှုသည် ၁၅ ရက် ကြာမြင့်မည်ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ ရာဂျင်ဒရာပူရ် ခရိုင်ရှိ Bangladesh Institute of Peace Support Operation Training (BIPSOT) တွင် ဆောင်ရွက်မည့် ယင်း စစ်ရေးလေ့ကျင့်မှုသည် အင်ဒို-ပစိဖိတ် ဒေသ တည်ငြိမ်ရေးကို မြှင့်တည်ရန်လည်း ရည်ရွယ်ကြောင်း အမေရိကန်၏ ပစိဖိတ်စစ်တိုင်း (PACOM) က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားထားသည်။

Shanti Doot 4 စစ်ရေးလေ့ကျင့်မှုတွင် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဂျော်ဒန်၊ မလေးရှား၊ မွန်ဂိုလီးယား၊ နီပေါ၊ ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားတို့ အပါအဝင် နိုင်ငံ ၂၃ နိုင်ငံမှ တပ်ဖွဲ့ဝင်များ ပါဝင်မည် ဖြစ်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အတွေ့အကြုံ ကြီးမားသော နိုင်ငံတကာမှ နည်းပြများမှ ဦးဆောင်လေ့ကျင့်ပေးမည် ဖြစ်သည်။

Most Read

Most Recent