<

နီပေါတွင် ရေကြီးမှုနှင့် မြေပြိုမှုကြောင့် လူ ၂၅ ဦး ထက်မနည်း သေဆုံး

နီပေါတွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီး၊ မြေပြိုမှုများကြောင့် ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၂ တွင် ပြောကြားခဲ့သည်။

နီပေါ၏ အရှေ့ဖျားတွင် နေရာအနှံ့အပြား မိုးသည်းထန်ခဲ့ပြီး သြဂုတ် ၁၁ ရက် အစောပိုင်းမှစ၍ အနောက်ဘက်ဒေသ၏ နေရာအချို့တွင်လည်း မိုးကြီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြားခဲ့သည်။

အရှေ့ဘက်ခရိုင်များတွင် ၁၃ ဦး သေဆုံးခဲ့ပြီး လေးဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသန္တရရဲတပ်ဖွဲ့၏အကြီးအကဲ ရာမက်ရှ်ဘာတာရီက ပြောကြားခဲ့သည်။

မိုးသည်းထန်မှုကြောင့် ဝေးလံသော ဒေသများတွင် လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းတို့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ပျက်စီးမှုပမာဏသည် အတည်ပြုရန် ခက်ခဲကြောင်း ဘာတာရီက ပြောကြားခဲ့သည်။

ယခုနှစ် မုတ်သုံကာလတွင် နီပေါ၌ သေဆုံးသူ ၉၀ ကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း အစိုးရ၏စာရင်းအင်းများက ဆိုသည်။

နီပေါတွင် မိုးရာသီသည် ဇွန်လနှောင်းပိုင်းမှ သြဂုတ်လအကုန်အထိဖြစ်ပြီး ယမန်နှစ်မိုးရာသီက နီပေါတွင် လူ ၁၀၀ နီးပါး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း နီပေါအလယ်ပိုင်း မြေနိမ့်ပိုင်းတွင် တစ်မိသားစုတည်းမှ မိန်းကလေး လေးဦး ရေကြီးနေသော မြောင်းအတွင်းကျခဲ့သည်။

ခတ္တမန္ဒူတောင်ကြားတွင် ပြီးခဲ့သည့်လက ရေကြီးခဲ့စဉ် မြောင်းအတွင်းကျ၍ မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

Ref: AFP














Copy Protected by Chetan's WP-Copyprotect.