ကမ္ဘာ့ဖလားပွဲကျင်းပမည့် နေရာများအတွက် ကာတာက သစ်ပင် ၁၆၀၀၀ စိုက်ပျိုးမည်

ကမ္ဘာ့ဖလားပွဲကျင်းပမည့် နေရာများအတွက် ကာတာက သစ်ပင် ၁၆၀၀၀ စိုက်ပျိုးမည်
Published 24 February 2018

ဖေဖော်ဝါရီ ၂၂ ရက်က ဒိုဟာရှိ ကာတာပို့ဆောင်ရေးနှင့် အမွေအနှစ်ထိန်းသိမ်းရေးကော်မတီ၌ သစ်ပင်များ စိုက်ပျိုးနေကြစဉ် (Photo: AFP)

ကန္တာရနိုင်ငံဖြစ်သော ကာတာသည် ၂၀၂၂ ခုနှစ်တွင် ၎င်းတို့အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် စီစဉ်ထားသော အားကစားရုံရှစ်ခုကို အလှဆင်ရန် သစ်ပင်ပေါင်း ၁၆၀၀၀ ထက်မနည်းကို စိုက်ပျိုးမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ဒေသတွင်းမျိုးစိတ်နမူနာများကို ရောနှောထားသည့် သစ်ပင်များ၊ တရုတ်၊ စပိန်၊ ထိုင်းတို့မှ တင်သွင်းလာသည့် သစ်ပင်များကို အားကစားရုံများဝန်းကျင်တွင် မစိုက်ပျိုးမီ မြို့တော်ဒိုဟာ၏ အပြင်ဘက်မှ ကျယ်ပြန့်သော ပျိုးခင်းကြီးတစ်ခုတွင် ပျိုးထားဦးမည်ဖြစ်သည်။ စတုရန်းမီတာ ၈၈၀၀၀၀  ကျယ်ဝန်းသော ထိုပျိုးခင်းကြီးကို  ကမ္ဘာ့ဖလားပွဲအတွက် တာဝန်ယူရသော ပြည်တွင်း အဖွဲ့အစည်းဖြစ်သည့် ကာတာ ပို့ဆောင်ရေး နှင့် အမွေအနှစ်ထိန်းသိမ်းရေးကော်မတီက ဦးဆောင်ပြီး ဖေဖော်ဝါရီ ၂၂ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ ထိုနေရာမှ သစ်ပင်အများစုမှာ အခြားသော နေရာမှ နုတ်လာသော သစ်ပင်များဖြစ်ကြသည်။

ပင်လယ်ကွေ့နိုင်ငံကာတာသည် ထို ကမ္ဘာ့ဖလားပွဲအတွက် မျက်ရည်လည်စရာ ကောင်းလောက်အောင် သီတင်းတစ်ပတ်လျှင် ဒေါ်လာသန်း ၅၀၀ နှုန်းဖြင့် အသုံးပြုနေခြင်းဖြစ်သည်။ “ကျွန်တော်တို့ ရည်မှန်းချက်က သစ်ပင်ပေါင်း ၁၆၀၀၀ စိုက်ဖို့ပါ။ ဒီထက်ပိုလိုတယ်ဆိုရင်လည်း ပိုစိုက်လိုက်ရုံပါပဲ” ဟု ဥယျာဉ်ပန်းမန်နှင့် အားကစားမြက်ခင်းဌာနမှ အကြီးတန်းမန်နေဂျာ ယာဆာအဗ္ဗဒူလာအယ်မူလာက ဆိုသည်။

အားကစားကွင်းများဝန်းကျင်တွင် စိုက်ပျိုးမည့် မြက်များကိုလည်း ပျိုးခင်းထဲတွင် စိုက်ပျိုးမည်ဟု သိရသည်။

Most Read

Most Recent