<

ဘင်္ဂါလီဒုက္ခသည်စခန်းကို ဆင်ရိုင်းဝင်မွှေသောကြောင့် ဆင်နင်းခံရပြီး နှစ်ဦးသေဆုံး

ကူတူပါလောင်ဒုက္ခသည် စခန်းအား တွေ့ရစဉ် (Photo : AFP)

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) မွတ်စလင် ဒုက္ခသည် စခန်းတစ်ခုကို ဖေဖော်ဝါရီ ၂၂ ရက်က ဆင်ရိုင်းတစ်ကောင် ၀င်မွှေသွားသောကြောင့် ကလေးတစ်ဦး အပါအ၀င် လူနှစ်ဦး ဆင် အနင်းခံရကာ သေဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့ကြသည်။ ဘင်္ဂါလီမွတ်စလင်ထောင်ပေါင်းများစွာ ခိုလှုံလျက်ရှိသည့် ကူတူပါလောင်ဒုက္ခသည် စခန်းတွင် ယခုဖြစ်စဉ်ဖြစ်ပွားခြင်းဖြစ်သည်။ ဒုက္ခသည်များဖြင့် ပြည့်ကျပ်နေသော ကူတူပါလောင်စခန်းသည် အရှေ့တောင်ဘက် နယ်စပ်ရှိ ကော့ဘဇားခရိုင်တွင်ရှိသည်။

‘ဆင်ရိုင်းက ဘင်္ဂါလီကလေးတစ်ဦးကို နင်းသတ်ခဲ့ပါတယ်။ ဘင်္ဂါလီ ဒုက္ခသည်တွေ နဲ့ ဒေသခံရွာသားတွေက လိုက်ဖမ်းရာမှာတော့ ဆင်ဟာဘင်္ဂလားဒေ့ရှ် အမျိုးသားတစ်ဦးကိုပါထပ်ပြီး နင်းသတ်ခဲ့ပါတယ်’ဟု ကော့ဘဇားခရိုင်သစ်တောဌာန အကြီးအကဲ အလီခါဘာကအေအက်ဖ်ပီကို ပြော ကြားခဲ့သည်။

လွန်ခဲ့သော ခြောက်လနီးပါးမှစ၍ ဒုက္ခသည်များ စတင်ဝင်လာခဲ့ပြီးနောက် သစ်တောမြေတွင် တာပေါ်လင်စ၊ ၀ါးတို့ဖြင့် ဖြစ်ကတတ်ဆန်း ဆောက်ထားသောတဲများကို ဆင်သည် မွှေနှောက်ဝင်ရောက်ခဲ့သည်။

ကော့ဘဇားသည် ဆင်အကောင်ရေ ၁၀၀ ကျော် နေထိုင်သောနေရာဖြစ်သော်လည်း ယင်းဒေသ၌ နောက်ဆုံးကျန်ရစ်သော သစ်တောနယ်မြေတွင် ဧရာမဘင်္ဂါလီဒုက္ခသည် စခန်းများကိုတည်ဆောင်ခဲ့ခြင်းက လူ များနှင့် တောရိုင်းတိရစ္ဆာန်များကို ထိပ်တိုက် တိုးစေခဲ့သည်။

February 23, 2018














Copy Protected by Chetan's WP-Copyprotect.