အစ္စရေး၏စိတ်ဓာတ်ကြံ့ခိုင်မှုအား မစမ်းရန် နေတန်ယာဟုက အီရန်ကိုသတိပေး

အစ္စရေး၏စိတ်ဓာတ်ကြံ့ခိုင်မှုအား မစမ်းရန် နေတန်ယာဟုက အီရန်ကိုသတိပေး
Published 20 February 2018

အီရန်မောင်းသူမဲ့လေယာဉ်မှ အစိတ်အပိုင်းတစ်ခုဟုဆိုသော ပစ္စည်းကိုပြသလျက် ဖေဖော်ဝါရီ ၁၈ ရက်တွင် မြူးနစ်လုံခြုံရေးကွန်ဖရင့်၌ စကားပြောနေသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Photo: AFP)

အီရန်နှင့် ဆီးရီးယားရှိ ၎င်း၏ကိုယ်စားလှယ်များ၏ ရန်လိုမှုများအတွက် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ဖေဖော်ဝါရီ ၁၈ ရက်တွင် အီရန်ကို သတိပေးခဲ့သည်။ မြူးနစ်လုံခြုံရေးကွန်ဖရင့်တွင် တီဟီရန်အာဏာရှင်များထံသို့ သတင်းစကားဟု သတိပေးလျက် နေတန်ယာဟုက အစ္စရေး၏သံန္နိဋ္ဌာန်အားမစမ်းရန် ပြောကြားခဲ့သည်။

ဆီးရီးယားမှ စေလွှတ်လိုက်သော အီရန် မောင်းသူမဲ့လေယာဉ်တစ်စင်းအား အစ္စရေး က ပစ်ချခဲ့ပြီးနောက် ယခုလအတွင်း ဆီးရီးယားတပ်ဖွဲ့များ ပါဝင်လာသည့် များ ဖြစ်ပွားခဲ့ပြီးနောက် ရန်ဘက်များအကြား တင်းမာမှုများ မြင့်တက်လာနေစဉ် နေတန်ယာဟု၏ ယင်းသတိပေးမှုထွက်လာခဲ့ခြင်း ဖြစ်သည်။

ဇာတ်ရှိန်မြင့်လာစေရန် ကြိုးပမ်းမှုအဖြစ် နေတန်ယာဟုက စင်မြင့်၌ စကားပြောနေစဉ် အစိမ်းရင့်ရောင် ထောင့်မှန်စတုဂံပုံ သတ္တုအပိုင်းအစတစ်ခုအား ဝှေ့ရမ်းပြခဲ့သည်။ “ဒါကတော့ ကျွန်တော်တို့ ပစ်ချလိုက်ပြီး နောက်မှာ ကျန်ခဲ့တဲ့ ဒါမှမဟုတ် အီရန် မောင်းသူမဲ့လေယာဉ်ရဲ့ အပိုင်းအစတစ်ခုပါ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

မစ္စတာဇာရစ်သည် ဆီးရီးယားတွင် အီရန်၏ပါဝင်ပတ်သက်မှုများအား မျက်နှာပြောင်တိုက်၍ ငြင်းဆန်မည်ကို သံသယမရှိကြောင်း နေတန်ယာဟုက မြူးနစ်ကွန်ဖရင့် တွင် နောက်ပိုင်းအစီအစဉ်၌ စကားပြောခဲ့သည့် အီရန်နိုင်ငံခြားရေးဝန်ကြီးမိုဟာမက် ဂျာဗက်ဇာရစ်အား ရည်ညွှန်းလျက် ပြောကြား ခဲ့သည်။

ô]မစ္စတာ ဇာရစ်။ ဒါကို ခင်ဗျား မှတ်မိလား။ ခင်ဗျား မှတ်မိသင့်တယ်။ ဒါခင်ဗျား တို့ပစ္စည်းပဲ” ဟု နေတန်ယာဟုက ဆိုခဲ့ သည်။  နေတန်ယာဟု၏ မိန့်ခွန်းသည် ဂုဏ်သိက္ခာရှိစွာ တုံ့ပြန်ရန်ပင် မထိုက်တန်သည့်  ရုပ်ပြောင်ဆပ်ကပ်တစ်ခုဖြစ်ကြောင်း ဇာရစ်က တုံ့ပြန်ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့် အစိုးရက ဆန့်ကျင်နေသော အီရန်နှင့် အင်အားကြီးနိုင်ငံအချို့အကြား ၂၀၁၅ ခုနှစ်က ရရှိခဲ့သည့် သမိုင်းဝင် အီရန်နျူကလီးယား သဘောတူညီချက်အား နေတန်ယာဟုက ပြင်းပြင်းထန်ထန် ထပ်မံတုံ့ပြန်ခဲ့ချိန်တွင် ထိုစကားလုံးစစ်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသဘောတူညီချက်သည် နာဇီခေါင်းဆောင် အဒေ့ါဟစ်တလာကိုသာအား ပြန်ကောင်းစေခဲ့သည့် ၁၉၃၈ ခုနှစ် မြူးနစ် သဘောတူညီချက်နှင့် နေတန်ယာဟုက နှိုင်းယှဉ်ပြခဲ့ပြီး အီရန်က နျူကလီးယားဗုံး တည်ဆောက်နိုင်ရန် ဆက်လက်ကြိုးပမ်းမှုများအား ဖုံးကွယ်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နေတန်ယာဟုက အစ္စရေး၏မြောက်ဘက် အိမ်နီးချင်းဆီးရီးယား၌ အီရန်က အမြဲ တမ်းခြေကုပ်ရရှိသွားမည်ကို ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ထပ်မံပြောကြားခဲ့သည်။

အီရန်သည် အီရတ်တွင် ရှီအိုက်ပြည်သူ့စစ်များ၊ ယီမင်တွင် ဟူသီများ၊ လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာများ၊ ဂါဇာတွင် ဟားမားစ်စသည့် ကိုယ်စားလှယ်များဖြင့် အရှေ့အလယ်ပိုင်း၏နေရာအများအပြားအား ဝါးမျို နေကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက် တွန့်ဆုတ်မနေဘဲ တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ လိုအပ်လာလျှင် ၎င်းတို့အား တိုက်ခိုက်နေသည့် အီရန်၏ကိုယ်စားလှယ်များကိုသာမက အီရန်ကိုပါ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က သတိပေးခဲ့သည်။

 

 

Most Read

Most Recent