အင်တာနက် အသုံးပြုသူများကို ခြေရာခံမှုအား ရပ်ဆိုင်းရန် ဘယ်လ်ဂျီယံတရားရုံးက Facebook ကို အမိန့်ချ

အင်တာနက် အသုံးပြုသူများကို ခြေရာခံမှုအား ရပ်ဆိုင်းရန် ဘယ်လ်ဂျီယံတရားရုံးက Facebook ကို အမိန့်ချ
Published 18 February 2018

အမေရိကန်လူမှုကွန်ရက်တွင် အကောင့်မရှိသော ဘယ်လ်ဂျီယံနိုင်ငံရှိ အင်တာနက်အသုံးပြုသူများကို ခြေရာခံမှုအား ရပ်ဆိုင်းရန် ဘယ်လ်ဂျီယံတရားရုံးတစ်ခုက ဖေဖော်ဝါရီ ၁၆ ရက်တွင် Facebook ကို အမိန့်ချခဲ့ပြီး မလိုက်နာပါက ဒဏ်ငွေနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။ ကယ်လီဖိုးနီးယားအခြေစိုက် Face-book ကုမ္ပဏီက ဘရပ်ဆဲလ်တရားရုံး၏ အမိန့်ချမှတ်မှုကို အယူခံဝင်မည်ဟု ထုတ်ပြန်ခဲ့သည်။

ဘယ်လ်ဂျီယံ၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ ဥပဒေများကို မလိုက်နာမချင်း နိုင်ငံအတွင်းရှိ အင်တာနက်အသုံးပြုသူများ၏ အသုံးပြုမှုအား ခြေရာခံခြင်းနှင့် မှတ်တမ်းတင်ထားခြင်းကို Facebook က ရပ်ဆိုင်းရမည်ဟု တရားရုံးက ထုတ်ပြန်ခဲ့သည်။

၈၄ မျက်နှာပါဝင်သည့် တရားရုံး၏ ကြေညာချက်တွင် Facebook သည် တစ်နေ့လျှင် ဒဏ်ငွေ ယူရို ၂၅၀,၀၀ (သို့မဟုတ်)  အများဆုံး ယူရိုသန်း ၁၀၀( ဒေါ်လာ ၁၂၅) သန်းပေးဆောင်မှုနှင့် ကြုံတွေ့ရမည်ဟု သတိပေးခဲ့သည်။

“Facebook က တရားမဝင်ရယူထားတဲ့ ကိုယ်ရေးအချက်အလက် အားလုံးကိုလည်း ဖျက်ဆီးပစ်ရမယ်” ဟု တရားရုံး ကြေညာချက်တွင် ဖော်ပြထားသည်။

အင်တာနက် အသုံးပြုသူများသည် Facebook တွင် အကောင့်မရှိသော်လည်း ဝက်ဘ်ဆိုက်ရှိ page များကို ဝင်ရောက်ကြည့်ရှုမှု (သို့မဟုတ်) like နှင့် share ကို နှိပ်မိချိန်တွင် Facebook က အင်တာနက်အသုံး ပြုသူများကို ခြေရာခံမှုနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ တိုင်ကြားချက်ဖွင့်ထားသည်ဟု ဘယ်လ်ဂျီယံ၏ ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent