မက္ကဆီကိုတွင် ပြင်းအား ၇ ဒသမ ၂ ရှိ ငလျင် လှုပ်ခတ်မှုကြောင့် လမ်းပေါ်သို့ လူများအထိတ်တလန် ပြေးထွက်ခဲ့ရ

မက္ကဆီကိုတွင် ပြင်းအား ၇ ဒသမ ၂ ရှိ ငလျင် လှုပ်ခတ်မှုကြောင့် လမ်းပေါ်သို့ လူများအထိတ်တလန် ပြေးထွက်ခဲ့ရ
Published 17 February 2018

Photo : AFP

လူပေါင်းရာချီ သေဆုံးသွားခဲ့သည့် ပြင်းထန်သော မြေငလျင် နှစ်ကြိမ်လှုပ်ခဲ့ပြီးနောက် ခြောက်လ မပြည့်သေးချိန် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် မက္ကဆီကိုတောင်ပိုင်းနှင့် အလယ်ပိုင်းကို အားပြင်းငလျင် လှုပ်သွားခဲ့သဖြင့် လူများအထိတ်တလန့်ဖြစ်ခဲ့ကြရကြောင်း သိရသည်။

အဆောက်အအုံများ ပြိုလဲသွားခြင်း မရှိဟု အစောပိုင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ငလျုင်ဗဟိုပြုရာ မက္ကဆီကိုတောင်ပိုင်း အောက်ဆာကာပြည်နယ်ရှိ မြို့နှစ်မြို့အနီးတွင် ပျက်စီးမှုသတင်းများကို ရရှိခဲ့ပြီး  ပြည်နယ်အာဏာပိုင်များက ၎င်းတို့အနေဖြင့် အရေးပေါ်ကယ်ဆယ်ရေး စခန်းများကို ဖွင့်လှစ်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

မက္ကဆီကို အမျိုးသားငလျင်ဌာနနှင့် အမေရိကန် ဘူမိလေ့လာရေးဌာနတို့က မြေငလျင်ပြင်းအားကို ၇.၂ ရှိသည်ဟု သတ်မှတ်ခဲ့ကြသည်။ ငလျင်သည်မက္ကဆီကိုစီးတီး၏ ငလျင်အချက်ပေးစနစ်ကို ပွင့်သွားစေခဲ့ပြီး    မြို့တော်ရှိ အဆောက်အအုံများကို လှုပ်ရမ်းသွားစေခဲ့သည်။ ဂွါရဲရိုး၊ ပြူးဘလားနှင့် မီချိုယာကန် ပြည်နယ်များတွင်လည်း သက်ရောက်မှု ရှိခဲ့သည်။

Photo : AFP

လွန်ခဲ့သော စက်တင်လာတုန်းက အဆောက်အအုံများကို ပြိုလဲစေခဲ့ပြီး လူစုစု  ပေါင်း ၄၆၅ ဦးကို သေဆုံးစေခဲ့သည့် ငလျင်လှုပ်ခတ်မှု နှစ်ကြိမ်ဖြစ်ခဲ့သလို ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက် ထိတ်လန့်နေသော ဒေသခံများသည် လမ်းများပေါ်ကို ပြေးထွက်ခဲ့ကြသည်။

ငလျင်သည်အနက် ၂၇.၇ ကီလိုမီတာတွင် လှုပ်သွားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ဘူမိလေ့လာရေးဌာနက ပြောကြားခဲ့ပြီး ငလျင်ဗဟိုပြုရာနေရာသည် အောက်ဆာကာပြည်နယ် ပီနိုတီပါဒီဒါန်လူးဝစ်၏ အရှေ့မြောက်ဘက် ၃၇ ကီလိုမီတာ (၂၂မိုင်) တွင် ဖြစ်သည် ဟုဆိုသည်။ တစ်နာရီခန့် အကြာတွင် ပြင်းအား ၅.၉ ရှိသော နောက်ဆက်တွဲငလျင်တစ်ခု လှုပ်သွားခဲ့သေးသည်။

လွန်ခဲ့သောနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် ပြင်းအား ၈.၂ ရှိသော ငလျင်သည် မက္ကဆီကိုတွင် လှုပ်သွားခဲ့သဖြင့် ၉၆ ဦးသေဆုံးသွားခဲ့ရာ သေဆုံးသူအများစုမှာ အောက်ဆာကာနှင့် ချီယာပက်စ် ပြည်နယ်တို့မှဖြစ်သည်။ လူပေါင်း ၁၀၀၀၀ ကို သေဆုံးစေခဲ့သည့် ၁၉၈၅ ငလျင်ကြီး၏ ၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သော ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့တွင်လည်း ပြင်းအား ၇.၁ ရှိ ငလျင် လှုပ်သွားသောကြောင့် လူပေါင်း ၃၆၉ ဦး သေဆုံးခဲ့ရသည်။

မက္ကဆီကိုသည် မြေလွှာချပ်ကြီးငါးခုဆုံသော နေရာတွင် ရှိသောကြောင့် ငလျင်ဒဏ်ကို ခံနိုင်စွမ်းမရှိသော နိုင်ငံဖြစ်သည်။

Most Read

Most Recent