ဘဂါၤလီအရေးကို ဆွေးနွေးရန် နိုင်ငံပေါင်း ရှစ်နိုင်ငံက ကုလသမဂ္ဂကို တောင်းဆို

ဘဂါၤလီအရေးကို ဆွေးနွေးရန် နိုင်ငံပေါင်း ရှစ်နိုင်ငံက ကုလသမဂ္ဂကို တောင်းဆို
Published 8 February 2018

Photo: AFP

မြန်မာနိုင်ငံမှထွက်ပြေးလာသော ဘဂါၤလီမွတ်စလင် (မူရင်းတွင်ရိုဟင်ဂျာဟု ဖော်ပြထား) ထောင်ပေါင်းများစွာ၏ ကံကြမ္မာကို ဆွေးနွေးရန် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားသောနိုင်ငံ ငါးနိုင်ငံတို့က ဖေဖော်ဝါရီ ၇ ရက်နေ့တွင် လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်ဟု သံတမန်များက ပြောကြားခဲ့သည်။

သြဂုတ်လတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ တပ်မတော်က လုံခြုံရေးရှင်းလင်းမှုကြောင့် ဖြိုခွင်းမှုကြောင့် ဘဂါၤလီအရေးနှင့်ပက်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ အစီရင်ခံစာကိုကြားနာရန် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လုံခြုံရေးကောင်စီက အစည်းအဝေးတစ်ရပ် ခေါ်ယူသွားမည် ဖြစ်သည်။

ဆွီဒင်၊ ပိုလန်၊ နယ်သာလန်၊ ကာဇက်စတန်နှင့် အီကွေတိုရီရယ်ဂီနီ တို့က လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်သုံးနိုင်ငံနှင့် အတူဆွေးနွေးမှုုပြုလုပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် မိမိ၏လုံခြုံရေး တပ်ဖွဲ့များကို ထိန်းရန်နှင့် ဘဂါၤလီ မွတ်စလင်များအား ၎င်းတို့၏နေအိမ်များသို့ ပြန်လာခွင့်ပေးရန် တောင်းဆိုထားသောအဆိုတစ်ရပ်ကို လုံခြုံရေးကောင်စီက အတည်ပြုခဲ့ပြီး နောက် သုံးလနီးပါးအကြာတွင် ဆွေး နွေးမှုပြုလုပ်ရန် တောင်းဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။

သြဂုတ်လတွင် တပ်မတော်ကနယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ဘဂါၤလီမွတ်စလင် ၇၀၀၀၀၀ ကျော်သည် မြန်မာ၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ကြသည်။

နှစ်နှစ်အတွင်း ဘဂါၤလီများ ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် လွန်ခဲ့သောလက သဘောတူညီမှုရရှိခဲ့ကြသော်လည်း ယင်းသို့သဘောတူညီချက်ရယူရာတွင် UNHCR ကို ဘေးဖယ်ထားခဲ့သဖြင့် စိုးရိမ် မိကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးကို ခန့်အပ်ပေးရန် တောင်းဆိုထားသော အဆိုတစ်ရပ်ကို ဒီဇင်ဘာတွင်ပြုလုပ်ခဲ့သော အထွေထွေ ညီလာခံက အတည်ပြုခဲ့သော်လည်း ယခုတိုင် အဆိုပါသံတမန်ကို ခန့်အပ်ခြင်း မပြုရသေးပေ။

Most Read

Most Recent