ဘီဘီစီရုပ်သံအစီအစဉ် Our Girl တွင် ဘင်္ဂါလီမွတ်စလင်တို့ကို ငှားရမ်းသရုပ်ဆောင်စေခဲ့ပြီး တစ်ရက် ၃၃ ပေါင်ဖြင့် ဒုက္ခသုက္ခများ ပြန်ပြောင်းပြောပြရန် အတင်းအကျပ် သရုပ်ဆောင်စေခဲ့

ဘီဘီစီရုပ်သံအစီအစဉ် Our Girl တွင် ဘင်္ဂါလီမွတ်စလင်တို့ကို ငှားရမ်းသရုပ်ဆောင်စေခဲ့ပြီး တစ်ရက် ၃၃ ပေါင်ဖြင့် ဒုက္ခသုက္ခများ ပြန်ပြောင်းပြောပြရန် အတင်းအကျပ် သရုပ်ဆောင်စေခဲ့
Published 23 January 2018

ဘီဘီစီ၏ နာမည်ကျော်ရုပ်သံအစီအစဉ် Our Girl ရိုက်ကူးစဉ်အတွင်း မြန်မာ နိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီမွတ်စလင် တို့ကို ဇာတ်ရံများအဖြစ် တစ်ရက် ၃၃ ပေါင် ဖြင့် ငှားရမ်းခဲ့ပြီး ၎င်းတို့၏ အတိဒုက္ခများကို ပြန်ပြောင်းပြောပြရန် သရုပ်ဆောင်စေခဲ့သည်ဟု ယင်းအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဘင်္ဂါလီမွတ်စလင်များက ဗြိတိန်မီဒီယာ The Sun သို့ ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် ဟာဘီဘာအဗ္ဗဒူလာက “လူတိုင်းက သူတို့ကြုံခဲ့ရတဲ့ ချောက်ချားစရာတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ကျွန်မတို့အတွက် အရမ်းပဲ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ငွေလိုနေတာကြောင့် လုပ်ပေးခဲ့ကြပါတယ်” ဟု The Sun ကို ပြောကြားခဲ့သည်။ ရိုက်ကွင်းသည် ညှဉ်းပန်းနှိပ်စက်မှုကဲ့သို့ ခံစားရကြောင်း ဘင်္ဂါလီမွတ်စလင်တို့က ပြောကြားခဲ့ကြသည်။

“ကလေးတွေက ငိုနေကြပြီး ကျွန်မ ပတ်ပတ်လည်က ကလေးတွေကလည်း အမေ၊ အမေနဲ့ အော်ငိုနေကြပါတယ်”ဟု ဟာဘီဘာက ပြောကြားခဲ့သည်။ ရိုက်ကူးခဲ့သောနေ့သည် အလွန်ပူလောင်သောနေ့ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦးသည် ရေထဲတွင် လဲ ကျသွားခဲ့ကြောင်း သူက ထည့်သွင်းပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင် ၁၀၀ ခန့်ကို သရုပ်ဆောင်ရန်အတွက် ရွေးချယ်ခဲ့ပြီး ၎င်းတို့ အား ကွာလာလမ်ပူရှိ နေအိမ်များမှ ခေါ် ဆောင်ခဲ့ကြခြင်းဖြစ်သည်။ မနက် ၅ နာရီမှ စ၍ ၁၂ နာရီကြာ ရိုက်ကူးခဲ့သောနေ့အတွက် ဘင်္ဂါလီမွတ်စလင်တို့ကို ၃၃ ပေါင် ပေးခဲ့သည်ဟု သိရသည်။ BBC1က ထုတ်လွှင့်သော Our Girl အစီအစဉ်ကို မလေးရှားတွင် ရိုက်ကူးနေခြင်းဖြစ်ပြီး ဧပြီလတွင် ထုတ်လွှင့်မည်ဖြစ်သည်။

ဇာတ်လမ်းသည် ဘင်္ဂါလီမွတ်စလင်တို့၏ အတိဒုက္ခကို မီးမောင်းထိုးပြရန် ရည်ရွယ်ခဲ့ကြောင်း၊ ဇာတ်ပို့သရုပ်ဆောင်များအား ပုံမှန်အတိုင်း ငှားရမ်းခဲ့ခြင်းဖြစ်ပြီး မလေးရှား တွင်ပေးသော စံနှုန်းအတိုင်း ပေးခဲ့ခြင်းဖြစ် ကြောင်း ဘီဘီစီ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent