w ‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ-၂’ ရုပ်ရှင်ဇာတ်ကားမှအနုပညာရှင်များ ပရိသတ်တွေ့ဆုံ လက်မှတ်ရေးထိုးပွဲများ ပြုလုပ် - Eleven Media Group <

‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ-၂’ ရုပ်ရှင်ဇာတ်ကားမှအနုပညာရှင်များ ပရိသတ်တွေ့ဆုံ လက်မှတ်ရေးထိုးပွဲများ ပြုလုပ်

လက်မှတ်ရေးထိုးပွဲမြင်ကွင်းတစ်ခု

ဟစ်ဟော့အဆိုတော်များပါဝင် သရုပ်ဆောင်ထားသည့် ‘ကိုယ့်သမိုင်းကိုယ်ရေးကြ သူများ-၂’ ရုပ်ရှင်ဇာတ်ကားမှ အနုပညာရှင်၏ ပရိသတ်များနှင့် တွေ့ဆုံလက်မှတ်ရေးထိုးပွဲများ ဇန်န၀ါရီ ၁၂ ရက် ညနေပိုင်းက မှော်ဘီရှိ Paradiso ရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့သည်။ ထို့ပြင် အဆိုပါ လက်မှတ်ရေးထိုးပွဲများကို ဇန်န၀ါရီ ၁၃ ရက်က မန္တလေးမြို့ရှိ JCGV ရုပ်ရှင်ရုံနှင့် မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံတို့တွင်လည်း ပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်ကားသည် ယုန်လေး၏ ဇာတ်လမ်းကို ဆူးခက်မင်းက ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ ဂျိုးက ရိုက်ကူးထားခြင်း ဖြစ်သည်။

‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂’ ရုပ်ရှင်ဇာတ်ကားသည် Hip Hop အနုပညာလောကရှိ Undergroung ၌ လှုပ်ရှားရုန်းကန် ကြိုးစားနေရသည့် ၀ါသနာရှင် အနုပညာရှင် လူငယ်များ၏ ဘ၀နှင့် ဖြတ်သန်းမှုများကို ဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ကြောင်း သိရသည်။

‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ-၂’  (ပလက်ဖောင်းယဉ်ကျေးမှု) ဇာတ်ကားတွင် ယုန်လေး၊ ရသ၊ ကြက်ဖ၊ G-Fatt ၊J Fire ၊ Ice Cold ၊ စိုးနန္ဒာကျော်၊ ပြုံးမြသွယ်၊ နန်းမော်၊ ထူးမွန်တို့နှင့်အတူ အထူးဧည့်သည် သရုပ်ဆောင်များအဖြစ် ရဲလေး၊ Cobra ၊ ခင်မြင့်ဉ္ဇူခိုင်၊ ကေညီ၊ အရိုင်းမင်း၊ စုဝတီ၊ I Beatz ၊ မိုးထက်၊ ထက်နိုင်နှင့် သားလတ်တို့လည်း ပါဝင်အားဖြည့်ထားသည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၁၄ ရက် (ယနေ့) ၌ Junction City ရုပ်ရှင်ရုံတွင် နံနက် ၁၁ နာရီနှင့် န၀ဒေးရုပ်ရှင်ရုံတွင် ညနေ ၃ နာရီတို့၌ ပြုလုပ်မည်ဖြစ်သည်။ ယင်းဇာတ်ကားကို ၂၀၁၈ ခုနှစ် ဇန်န၀ါ ရီ ၁၂ ရက်မှ စတင်ကာ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသထားသည်။

January 14, 2018














Copy Protected by Chetan's WP-Copyprotect.