တောင်ကိုရီးယားဆေးရုံတွင် ပေါ့ဆမှုကြောင့် ကလေးလေးဦး သေဆုံး

တောင်ကိုရီးယားဆေးရုံတွင် ပေါ့ဆမှုကြောင့် ကလေးလေးဦး သေဆုံး
Published 13 January 2018

Photo: Ewha Women University Medical Center

ဆိုးလ်ပုဂ္ဂလိကဆေးရုံတစ်ခု၏ အထူး ကြပ်မတ်ကုသဌာနတွင် သန့်ရှင်းရေးညံ့ဖျင်းမှုကြောင့် ပြီးခဲ့သည့်လတွင် မွေးကင်းစကလေး  လေးဦး မွေးဖွားပြီး နှစ်နာရီအတွင်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Ewha အမျိုးသမီးတက္ကသိုလ်ဆေးရုံမှ ဆရာဝန်နှစ်ဦးနှင့် သူနာပြုငါးဦးသည် သေဆုံးမှုနှင့်ပတ်သက်ပြီး ပေါ့ဆမှုကြောင့်  တမင်တကာ မဟုတ်သော လူသေမှုဖြင့် စွဲချက်တင်ခံရမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ သည်။ အဆင့်မြင့်နည်းပညာနှင့် ဆေးကုသမှု အထူးသဖြင့် အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုဆိုင်ရာ ခရီးသွားလာမှုအတွက် အဓိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် တောင်ကိုရီးယား နိုင်ငံအတွက် ယင်းဖြစ်ရပ်သည် ဖြစ်နေကျ မဟုတ်ပေ။ လမစေ့မီမွေးသော ကလေးလေးဦးအတွက် သွေးစစ်ဆေးမှုများတွင် ယင်း ကလေးအားလုံးသည် တူညီသည့် ဆေးယဉ်ပါး ဗက်တီးရီးယားပိုး ကူးစက်ခံရသည်ကို ပြသခဲ့သည်ဟု ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းမွေးကင်းစကလေး အားလုံး၌ နှလုံးခုန်မှုတွင်ပြင်းထန်သော ပြောင်းလဲမှုနှင့် ဝမ်းဗိုက် ဖောင်းပွနေမှုများကို တွေ့ရှိခဲ့သည်ဟု အလောင်းကို ခွဲစိတ်စစ်ဆေးမှုများပြုလုပ်သည့် အမျိုးသားမှုခင်း ဆေးပညာဌာန NFS က ထုတ်ပြန်ခဲ့သည်။

ကလေးများကို မသန့်ရှင်းသော အာဟာရဖြည့်စွက်စာများကျွေးခြင်း သို့မဟုတ် ဖြည့်စွက်စာများ မသန့်မပြန့်ဖြစ်သွားခြင်း များကြောင့် ဗက်တီးရီးယားပိုး ကူးစက်ခံရခြင်း ဖြစ်နိုင်သည်ဟု NFS က သုံးသပ်ခဲ့သည်။

 

 

 

Most Read

Most Recent