စိတ်ပျက်ဖွယ်ကောင်းသော အကြမ်းဖက်မှုများ လုပ်ဆောင်မှုဖြင့် အကြွေးတောင်းသော တရုတ်အဒေါ်ကြီးများဂိုဏ်းကို ထောင်ဒဏ် ချမှတ်

စိတ်ပျက်ဖွယ်ကောင်းသော အကြမ်းဖက်မှုများ လုပ်ဆောင်မှုဖြင့် အကြွေးတောင်းသော တရုတ်အဒေါ်ကြီးများဂိုဏ်းကို ထောင်ဒဏ် ချမှတ်
Published 9 August 2017

အကြွေးလိုက်တောင်းသည့် တရုတ်အဒေါ်ကြီးများဂိုဏ်း၏ အဖွဲ့ဝင်များကို အကြွေးသမားများအား ခြိမ်းခြောက်မှုနှင့် ပိုက်ဆံမပေးပေးအောင် အဝတ်များကို ဆွဲချွတ်မှုများ ပါဝင်သည့် စိတ်ပျက်စရာကောင်းသော အကြမ်းဖက်မှုပြုလုပ်မှုဖြင့် ထောင် ဒဏ်ချမှတ်ခဲ့သည်ဟု အစိုးရပိုင်မီဒီယာက သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူဆိုးဂိုဏ်းဝင်ကဲ့သို့သော အဖွဲ့အစည်းများတွင် ပါဝင်မှု၊ စီစဉ်ဦးဆောင်မှု၊ ရန်စမှုနှင့် အနှောင့်အယှက်ပေးသည့် အပြုအမူများအတွက် အတင်းအကျပ်ပြုလုပ်သည့် အဒေါ်ကြီး ၁၄ ဦးကို ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ခဲ့သည်ဟု Beijing News က ဖော်ပြခဲ့သည်။

ပျမ်းမျှအသက် ၅၀ အရွယ်ရှိ အမျိုးသမီး ၅၀ ခန့်သည် ဟီနန်ပြည်နယ် Shangqiu မြို့ စီမံကိန်းတွင် ပါဝင်ခဲ့ကြသည်။ တရုတ်အိမ်ခြံ မြေကုမ္ပဏီနှင့် လုပ်ငန်းများက အကြွေးတောင်းရန် ငှားရမ်းခဲ့သည့် ယင်းအဒေါ်ကြီးများက ငွေသိမ်းရန် အကြမ်းဖက်နည်းလမ်းများ သို့မဟုတ် ကြီးမားသည့် ဆောက်လုပ်ရေးစီမံကိန်းများအတွက် လူများကို ၎င်းတို့နေအိမ်များမှ ဖိအားပေးပြီး မောင်းထုတ်ခြင်းများကို လေးနှစ်ကြာစိတ်လွတ် ကိုယ်လွတ်ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့်လတွင် ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရခြင်းဖြစ်သည်။

ရန်လိုနေသော အဒေါ်ကြီးများသည် ၎င်းတို့ ကိုယ်ပေါ်ရှိ အဝတ်အစားများကို စုတ်ဖြဲပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံရသကဲ့သို့ လုပ်ဆောင်ခဲ့သည်ဟု အမျိုးသားများက ပြောကြားခဲ့သည်။ ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ကောင်ယွန်အမည်ရ မျက် မမြင်တစ်ဦးက ယင်းလုပ်ဆောင်မှုအတွက် တစ်ရက်လျှင် နေ့လယ်စာ အပါအဝင် ဒေါ်လာ ၃၀ ရရှိသည်ဟု ပြောခဲ့သည်။

Ref: AFP

Most Read

Most Recent