အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းအနီးသို့ ဒုံးကျည်ဖြင့်ပစ်ရန် စဉ်းစားနေဟု မြောက်ကိုရီးယား ခြိမ်းခြောက်

အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းအနီးသို့ ဒုံးကျည်ဖြင့်ပစ်ရန် စဉ်းစားနေဟု မြောက်ကိုရီးယား ခြိမ်းခြောက်
Published 9 August 2017

၂၀၁၇၊ မေ ၁၁ က ဂူအမ်၏ ဟာဂါတနာမြို့အနီး အမေရိကန် ရေတပ်စခန်းသို့ ဝင်လာသော ကားများအား ရိုက်ကူးထားသည့် ဓာတ်ပုံ (Photo : AP)

မြောက်ကိုရီးယားက ဂူအမ်ကျွန်းပေါ်ရှိ အမေရိကန်၏ မဟာဗျူဟာမြောက် စစ်စခန်းများအနီးသို့ ၎င်း၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးများဖြင့် ပစ်ခတ်ရန် စဉ်စားနေကြောင်း အစိုးရသတင်းအေဂျင်စီ KCNA မှ သြဂုတ် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စီမံကိန်းများအပေါ် ထရန့်က ခြိမ်းခြောက်ပြီး မကြာမီမှာပင် မြောက်ကိုရီးယား၏ ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းကပင် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်ခဲ့သေးသည်။

“မြောက်ကိုရီးယား အစိုးရဟာ တာလတ်မှ တာဝေးအထိ ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံး Hwasong - 2 နဲ့ ဂူအမ်ဝန်းကျင်မှာရှိတဲ့ ဒေသတွေ မီးဟုန်းဟုန်းတောက်စေဖို့အတွက် အစီအစဉ်ကို သေသေချာချာ ပြင်ဆင်စစ်ဆေး နေပါတယ်” ဟု KCNA က ဖော်ပြခဲ့သည်။

ဂူအမ်အုပ်ချုပ်ရေးမှူး အက်ဒီကယ်ဗိုကမူ ၎င်း၏ကျွန်းကို မြောက်ကိုရီးယားက တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုအား ဘေးချိတ်ခဲ့သော်လည်း အမေရိကန်ပိုင်နက်ဖြစ်သော ၎င်းတို့ဒေသသည် မည်သည့် ဖြစ်နိုင်ခြေအတွက်မဆို ပြင်ဆင်ထားသည်ဟု သြဂုတ် ၉ ရက်က ရုပ်သံမိန့်ခွန်းထဲတွင် ဖော်ပြခဲ့သည်။

အမေရိကန် စစ်အခြေစိုက်စခန်း နှစ်ခုနှင့် တပ်ဖွဲ့ဝင် ၆၀၀၀ ခန့် ရှိသော ဂူအမ်ကျွန်းသည် ကိုရီးယား ကျွန်းဆွယ်နှင့် တောင်တရုတ် ပင်လယ်ကြားမှ မဟာဗျူဟာမြောက်သော နေရာတွင် တည်ရှိသည်။

Ref : AFP

Most Read

Most Recent