ကိုကင်း တစ်ကီလိုဂရမ် မျိုချထားသည့် အိုင်ဗရီကို့စ်အမျိုးသမီး ထိုင်းလေဆိပ်တွင် ထိန်းသိမ်းခံရ

ကိုကင်း တစ်ကီလိုဂရမ် မျိုချထားသည့် အိုင်ဗရီကို့စ်အမျိုးသမီး ထိုင်းလေဆိပ်တွင် ထိန်းသိမ်းခံရ
Published 30 December 2017

အိုင်ဗရီကို့စ်နိုင်ငံမှလာသည့် အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီး၏ အစာအိမ်ထဲတွင် အိတ်ငယ်များဖြင့် ထုပ်ပိုးထားသည့် ကိုကင်း တစ်ကီလိုဂရမ်ကျော်ကို လေဆိပ် X-ray စစ်ဆေးမှုတွင် တွေ့ရှိခဲ့သဖြင့် ယင်းအမျိုးသမီးကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်း၌ ဖမ်းဆီးခဲ့သည်။ ဒိုဟာမှ လေယာဉ်ဆိုက်ရောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် ယင်းအမျိုးသမီးကို ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ရှိသူများက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ X-ray စစ်ဆေးမှုတစ်ခုတွင် ယင်းအမျိုးသမီး၏ အစာအိမ်ထဲ၌ ကိုကင်း ၁ ဒသမ ၂ ကီလိုဂရမ် (၂ဒသမ ၆ ပေါင်) ပါဝင်သည့် အိတ်ငယ် ၆၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ မူးယစ်ဆေးနှိမ်နင်းရေး ဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် Sirinya Sitdhichai က ပြောကြားခဲ့သည်။ ယင်းမူးယစ်ဆေးများသည် ဘန်ကောက်ရှိ ချမ်းသာကြွယ်ဝသည့်ဖောက်သည်များအတွက် ဖြစ်နိုင်ခြေရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အနောက်အာဖရိကတွင် အခြေစိုက်သည့် မူးယစ်ဆေးမှောင်ခိုကူးသူများသည်  ထိုင်းနိုင်ငံထဲသို့ မူးယစ်ဆေးများမှောင်ခိုသွင်းရန်အတွက် အာဖရိက သို့မဟုတ် အာရှအမျိုးသမီးများကို ဆက်သားများအဖြစ် ငှားရမ်းလေ့ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

မှောင်ခိုကူးသူများသည် ဘန်ကောက် မြို့ပြင်ရှိ သေးငယ်သည့်လေဆိပ်များမှ တစ်ဆင့်ဝင်ရောက်ပြီး ယင်းမှတစ်ဆင့်  ဘန်ကောက်တွင် မူးယစ်ဆေးရောင်းချရန်အတွက် ကားဖြင့် ခရီးဆက်ကြသည်။

Most Read

Most Recent